Myanmar Idol Season 3 ရဲ့ Winner ဆုရှင် လေးဖြိုးမြတ်အောင်ကတော့ သီချင်းဆိုကောင်းသလောက် စိတ်ထားကလည်း မွန်မြတ်ပြီး ရိုးသားဖြူစင်တဲ့ ဖြိုးမြတ်အောင်ကို တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း တစ်ခဲနက်ကြတာ တွေ့ရပါတယ်။ ဟင်္သာတသားလေး ဖြိုးမြတ်အောင်က အခုဆိုရင် အောင်မြင်မှုသရဖူကို ပါဆွတ်ခူးရုံတင်မက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုပါရရှိနေပြီပဲ ဖြစ်ပါတယ်။မိဘပေးလည်းရိုသေ သိတက်မှုလေးတွေကြောင့် အောင်မြင်မှုကို ပိုင်ဆိုင်ကာတစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများရဲ့ အချစ်ကိုပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်က ဆုရရှိပြီးနောက်ပိုင်းမှာတင် ကြော်ငြာတွေ ဓာတ်ပုံတွေ စတင်ရိုက်ကူးခဲ့ရပါတာလည်းဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီးများအားလုံးသိရှိပြီးသား ဖြစ်မှာပါ။သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း နေ့စဉ်ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။အနုပညာ အလုပ်တွေဆက်တိုက်လုပ်နေတဲ့ သူကတော့ အခုခါမှာတော့ မခိုင်လေးနဲ့အတူ ကြော်ငြာရိုက်ကူးနေတာဖြစ်ပါတယ်။ကြော်ငြာရိုက်ကူးရင်း မခိုင်လေးက ဖြိုးမြတ်အောင်နဲ့အတူ ပရိသတ်တွေနဲ့ စကားပြောရင်းစနောက်နေကြတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံး အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပြီး မခိုင်လေးကမောင်လေးကို ရိုးသားလွန်းလို့ချစ်တာပါလို့လည်းပြောကြားထားတာတွေ့ရပါတယ်။

ကိုဖြိုးကို ပရိတ်သတ်တွေ ချစ်ခင်အားပေးချက်ကတော့ အံ့မခန်းပါပဲနော်။ရိုးသားမှုဂုဏ်ကြောင့် ရောက်တဲ့နေရာမှာ လူချစ်လူခင်ပေါများတဲ့ ဖြိုးမြတ်အောင်ကိုတော့ ပရိသတ်တွေက ကြုံရင် ကြုံသလို အမှတ်တရ လက်ဆောင်လေးတွေ ပေးတတ်ကြတာလည်းတွေ့ရပါတယ်။ဖြိုးမြတ်အောင်ရဲ့ ရိုးသားကြိုးစားပြီး ပရိသတ်တွေကိုထားတဲ့ မေတ္တာတွေကြောင့် ခုလောက်ထိ အောင်မြင်နေတာလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် ဖြိုးမြတ်အောင်နဲ့ မခိုင်လေးတို့ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:we love phyo myat aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။