သရုပ်ဆောင်ကေညီကတော့ ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲံ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားသူမို့ အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း မသိသူမရှိသလောက်ဖြစ်ပြီး လွန်ခဲ့တဲ့အောက်တိုဘာ(၃)ရက်နေ့က ကွယ်လွန်သွားတဲ့ သရုပ်ဆောင်မင်းသွေးနဲ့လည်း ညီအစ်ကိုတွေကိုချစ်ခင်ပေါင်းသင်းကြသူမို့ အကြွေစောလွန်းတဲ့ မင်းသွေးအတွက် ယူကြုံးမရဖြစ်ရသူတွေထဲမှာ ကေညီကလည်း အပါအဝင်ပါပဲ..။

မင်းသွေးကွယ်လွန်သွားတဲ့ အောက်တိုဘာ(၃)ရက်နေ့လေးဟာ အနုပညာရှင်များနဲ့ ပရိသတ်တွေ မျက်ရည်မိုးရွာသွန်းခဲ့ရတဲ့ နေ့ရက်လေးဖြစ်သလို အောက်တိုဘာ(၇)ရက်နေ့လေးကလည်း မင်းသွေးကို နောက်ဆုံးနှုတ်ဆက်ရတဲ့ တကယ့်ကိုဝမ်းနည်းစရာနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

မင်းသွေးရဲ့ နောက်ဆုံးဈာပနနေ့လေးမှာ အနုပညာရှင်တော်တော်များများနဲ့ ပရိသတ်တွေများစွာ စည်းကားတိုးဝှေ့ပြီး လိုက်ပါပို့ဆောင်ခဲ့ကြသလို သရုပ်ပျက်စေခဲ့တဲ့ ပရိသတ်တွေအချို့လည်း ရှိခဲ့ကြတာ တွေ့ရပါတယ်..။

မင်းသွေးရဲ့ နောက်ဆုံးနာရေးဈာပနနဲ့ ပတ်သက်ပြီးတော့လည်း သရုပ်ဆောင်ကေညီက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစိတ်ပျက်စရာအဖြစ်အပျက်လေးတစ်ခုကို အခုလိုရင်ဖွင့် ပြောပြလာခဲ့ပါတယ်..။

“မင်းသွေးနာရေးလိုက်ပို့တယ်

ပရိသတ်တချို့နဲ့မီဒီယာတချို့

ထင်တိုင်းကျဲနေကြတာ

မင်းသွေးကိုကြည့်ခွင့် နှုတ်ဆက်ခွင့်မရလိုက်ဘူး လူတွေဟာအတ္တတွေ ကိုယ်ဖြစ်ချင်တာတွေ ရဖို့ ဖြစ်ဖို့ ဆိုရင် ဘာကိုမှ မငဲ့တတ်ကြဘူးဗျာ.. နားလည်မှု့ စာနာသနားမှု့တွေကို ဘေးဖယ် ငါ့သတင်းရဖို့ရေး တို့အရေး ငါ့ဖုန်းထဲပုံတွေရရင် ပြန်ကြွားဖို့အရေး တို့အရေး ငါ့အကောင့်လူအများကြည့်ဖို့အရေး တို့အရေး...... မင်းသွေး မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေ ကြေကွဲခံစားဖို့အရေးလေးတွေ ခများတို့တွေရဲ့ ဦးနှောက်ထဲ ထည့်ထားသင့်ပါတယ်ဗျာ... မင်းသွေးကောင်းရာ ဘုံဘဝသို့ လွယ်ကူစွာ ကူးပြောင်းနိူင်ပါစေ ဆုတောင်းပေးပါတယ်..” ဆိုပြီး ခံပြင်းရင်း စိတ်မကောင်းစွာ ရင်ဖွင့်ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo - ကေညီ၊ မင်းသွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။