ပရိသတ်တွေရဲ့အချစ်တော်မင်းသွေးဟာ ဘောလုံးကစားရာကနေ အမောဖောက်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ မင်းသွေးနဲ့ တစ်ရက်တည်းမှာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဇင်ဘိုလေး(ခ)မရမ်းသီး နှင့် ဆိုင်းထွယ်အောင်လဲ ဘောလုံးကစားရင်း ကွယ်လွန်သွားခဲ့ပြီး သူတို့ချစ်မြတ်နိုးတဲ့ ဘောလုံးအားကစားကို လက်ပြနှုတ်ဆက်သွားကြပါတယ်။  

မြစ်ကြီးနားမြို့မှ ကွယ်လွန်သူ လူငယ်ကစားသမား ၂ ဦးဖြစ်သည့် ဇင်ဘိုလေး(ခ)မရမ်းသီး နှင့် ဆိုင်းထွယ်အောင်တို့ မိသားစုများထံ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင်ဟောင်း ဦးတင်အောင် (ဂိုး) ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့က မြစ်ကြီးနား မြို့နယ်ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများနှင့်အတူ သွားရောက်တွေ့ဆုံ၍ အားပေး နှစ်သိမ့်ခဲ့တယ်။ 

ကွယ်လွန်သွားတဲ့ လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ဇင်ဘိုလေး(ခ)မရမ်းသီး နှင့် ဆိုင်းထွယ်အောင်တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ နာရေးကိစ္စများအတွက် ကူညီထောက်ပံ့ငွေ ကျပ်သိန်း (၂၀)စီကိုလည်း ဦးတင်အောင်(ဂိုး)မှတဆင့် မိသားစုများထံ ကူညီပေးအပ်ခဲ့သည်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကူငွေတွေပေးအပ်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

source: mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။