မကြာမီယှဉ်ပြိုင်တော့မယ့် နိုင်ငံဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအနဆန်းကိုတော့ အားလုံးချစ်ခင်လေးစားကြမယ်ထင်ပါတယ်။ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖိုက်တာများစွာကို ထိုးသတ်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ အောင်လ ကတော့ လာမည် အောက်တိုဘာ ၂၆ရက်နေ့မှာတော့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။  

အဆိုပါ ပြိုင်ပွဲကိုတော့ ရှုံးပွဲမရှိ MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ လက်ဘနွန်နိုင်ငံသား မိုဟာမက် ကရာကီနှင့် ထိုးသတ်ရမှာဖြစ်ပြီး ကြိုးစားရုန်းကန်မှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။ လက်ရှိ ပြိုင်ပွဲယှဉ်ပြိုင်ရန် သုံးပတ်တောင်မရှိတော့တာဖြစ်ပြီး အောင်လကတော့ ကြိုးစားမှုတွေကို အဆက်မပျက်လေ့ကျင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ အဆိုပါ လေ့ကျင့်မှုတွေကတော့ သာမာန်ထက်ပိုတဲ့ လေ့ကျင့်မှုတစ်ခုဖြစ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေမှာအမှန်ပဲဖြစ်ပါတယ်။  

အဆိုပါ လေ့ကျင့်မှုနှင့်ပတ်သက်ပြီး အောင်လကတော့ "ပြီးခဲ့တဲ့တနင်္ဂနွေကတော့အနားယူရတဲ့အချိန်ဖြစ်ပါတယ်။ပြီးတော့ အပြင်းအထန်လုပ်ရဦးမယ့်Trainingအတွက်လည်းအားပြန်ဖြည့်ရတာပေါ့။သုံးပတ်တောင်မလိုတော့တဲ့အချိန်အတွင်းမှာ One Championshipရဲ့ ကစားကွင်းထဲမှာမြန်မာပြည်ကိုကိုယ်စားပြုပြီး ပြန်ကစားရဦးမှာပါ။MMA Fighter တစ်ယောက်အနေနဲ့ မြန်မာပြည်ပရိသတ်တွေအတွက်ကိုယ်စားပြုပြီးပြိုင်ရတာ ကျွန်တော့အတွက်ဂုဏ်အယူရဆုံးပါ။ဒီပြိုင်ပွဲမှာကျွန်တော့်ရဲ့ပရိသတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေအတွက် ဂုဏ်ယူစရာတွေနဲ့ ပျော်ရွှင်မှူတွေယူလာပေးပါမယ်။"ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ နိုင်ငံအတွက် အသက်နဲ့လည်းပြီး ကာကွယ်သွားမယ့်သူတစ်ယောက်ဖြစ်ပြီး ယခုပြိုင်ပွဲဟာသူ့အတွက်တင်သာမက တစ်နိုင်ငံလုံးရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်သောပွဲတစ်ပွဲလည်းဖြစ်တာတွေ့ရပါတယ်။ ပြည်တွင်း နောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ အောက်တိုဘာ ၂၆ ပွဲကို ချစ်ပရိသတ်တွေနဲ့အတူ လက်မလွတ်တမ်း သွားရောက်ကြည့်ရှု့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။