တစ်ခေတ်တခါတုန်းက နိုင်ငံတကာ မော်ဒယ်လ်တွေ နဲ့ ရင်ဘောင်တန်းနိုင်လောက်အောင် လှတဲ့ အရပ်မြင့်မြင့်၊ ဘိုဆန်ဆန် အလှတရားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ် ၊ မင်းသမီးချောလေး မယ်လိုဒီ ဆိုရင် ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရ၊ ခင်ရ၊ အားပေးရတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်ဖြစ်ပါတယ်။ သျှမ်းသျှမ်းတောက်အောင် အောင်မြင်ပြီး လူသိများခဲ့စဉ် အပျိုချောမလေး မယ်လိုဒီကနေ နာမည်ပျက်မှရှိပဲ သူမရဲ့ ချစ်သူနဲ့ အိမ်ထောင်ပြုတဲ့ထိ အနေအထိုင်ကျစ်လျစ်သူလေး ဖြစ်ပါတယ်။

ရုပ်ရှင်မင်းသမီး တစ်ယောက် အနေနဲ့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးခဲ့နိုင်ပြီ ဖြစ်တဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ ချစ်စရာ လူချော သားလေး တစ်ယောက်မွေးဖွားခဲ့တဲ့ မိခင် အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ အရမ်းကို တည်ငြိမ်ပြီး ကျက်သရေ ရှိနေတာ တွေ့ရမှာပါ။ တသားမွှေး တသွေးလှ ဆိုသလို ယနေ့တိုင် အိမ်ထောင် နိုင်နင်းတဲ့ မိခင်တစ်ယောက် အနေနဲ့ အချိန်တိုင်းလှပနေတဲ့ သူဟာ လက်ရှိမှာ ပြည်သူ့ အချစ်တော် လေးဖြစ်တဲ့ သူမရဲ့ သားချောလေး သိဒ္ဓိစစ် ကို အကောင်းဆုံးပြုစုပျိုးထောင်နေတဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

တစ်ချိန်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အဖြစ် သတင်းမွှေးပြီး လူချစ်လူခင်ပေါမဲ့ သားလေး သိဒ္ဓိစစ် ရဲ့ မေမေ အနေနဲ့ ခေါင်းမော့ရင်ကောံရဦးမဲ့ သားရှင်လည်းဖြစ်ပါတယ်နော်။ အိမ်ထောင်တာဝန်ကျေပွန်ကာ အရမ်းကို အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီ ဟာ သူမရဲ့ ခင်ပွန်းအတွက်လည်း တာဝန်ကျေတဲ့ ဇနီးကောင်တစ်ယောက်မို့ ကြည့်လိုက်တိုင်းအမြဲတမ်း အလှမပျက် ရှိနေတဲ့ အောင်မြင်တဲ့ အမျိုးသမီးတွေထဲ့ကမှ စံပြ မင်းသမီးတစ်ယောက်လို့ ဆိုရမှာပါ။ စက်တင်ဘာ(၇) ရက်နေ့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တဲ့ "ပျိုးထောင်ပြုစု ကျန်းမာတဲ့မြန်မာမိသားစု " ဆိုတဲ့ ပွဲလေးကို မေမေမယ်လိုဒီ တစ်ယောက် တက်ရောက်ခဲ့စဉ် လှပနေတဲ့ သူမရဲ့ကျက်သရေရှိတဲ့ အိမ်ထောင်ရှင် မေမေတစ်ယောက် အနေနဲက ဖော်ပြလိုက်ရပါတယ်။  

source:Melody Myo ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။