သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင် မင်းသွေး သေဆုံးမှုနဲ့ပတ်သတ်ပြီး ပရိသတ်တွေရော အနုပညာမောင်နှမတွေပါ ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြရတာပါ ။

တချို့ အနုပညာရှင်တွေဆိုရင် မင်းသွေးသေဆုံးသွားတာကို ခုချိန်ထိ လက်မခံနိုင်ကြသေးဘဲ နှမြောတသဖြစ်ပြီး ခံစားနေကြရတုန်းပါဘဲ ။

စိတ်ထားကောင်းပြီး လူတကာကို ကူညီတတ်တဲ့သူ ၊ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် အဖြစ် အားလုံးက ချစ်ခင်ကြတဲ့ မင်းသွေးသေဆုံးမှုနဲ့ပတ်သတ်ပြီး မီဒီယာအချို့နဲ့ ပရိသတ် တွေကြောင့် နာရေးက စည်ကားခဲ့ပြီး မိသားစုဝင်တွေ ကောင်းမွန်စွာ မနှုတ်ဆက် လိုက် ရဘဲ သဂြိုလ်ခဲ့ရတာဖြစ်ပါတယ် ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အဆိုတော် မိုးမိုးက " နှုတ်ဆက်လိုက်ပါတယ် ညီလေးငယ်

နောက်ဆုံးအချိန်အထိ...

တချို့သော တိရစ္ဆာန်များကို

ပျော်ပွဲ ရွှင်ပွဲတမျှဖြစ်အောင် လုပ်ပေးတဲ့မင်း

ကုသိုလ်တွေအများကြီး ထပ်ရတာပေါ့ကွာ

ငါကတော့ အဲ့ တိရစ္ဆာန်တွေကို

သတ်ချင်စိတ်တွေ ဖြစ်နေမိတယ် " ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ မှာပေါက်ကွဲထားတာ တွေ့မြင်ရပါတယ် ။

ညီအစ်ကိုလို ခင်မင်ရတဲ့ မင်းသွေး အတွက် ယူကြုံးမရ နှမြောတသ စိတ်တွေနဲ့ ဒေါသတွေ ထွက်နေရှာတဲ့မိုးမိုးရဲ့ ချစ်ခင်မှုကိုအတိုင်းသားတွေ့မြင်နေရပါတယ် ။

မင်းသွေး ရုပ်အလောင်းကို မီးသဂြိုလ်နေစဉ် စောင့်ဆိုင်းနေကြစဉ် ရင်ထဲမှာ ဘယ်လောက် ပူလောင်နေကြမလဲ ဆိုတာ မျက်နာလေးတွေ အားလုံးမိုင်ပြီး ခံစားနေရတာတွေ့ရမှာပါ။

သူ့အပေါ်မှာ တကယ်ချစ်ပြီး တကယ်သံယောဇဉ်ကြီးနဲ့အနုပညာညီအစ်ကို မောင်နှမတွေ အများကြီးရှိတယ် ၊ သူ့ကိုချစ်တဲ့ ပရိသတ်တွေအများကြီး ရှိတယ်ဆိုတာကို သိမသွားလိုက် ရရှာတဲ့ မင်းသွေးအတွက်တော့တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် ။

Source : Moe Sithu Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။