အရမ်းပင်ပန်းနေတဲ့အချိန်မှာ အာတွေခြောက်ရေတွေငတ်လာတက်ပါတယ်။ အဲ့ဒီအချိန်မှာရေကို အားရပါးရသောက်မိတက်ပါတယ် ။ အဲ့လိုသောက်မိရင် ရင်ဘတ်ထဲ ကြပ်တက်လာပြီး အောင့်လာတတ်ပါတယ် ။ လူကြီးတွေကတော့ လေဆောင့်တက်တာလို့ ယူဆကြတာများပါတယ် ။ ရေကိုသောက်နေရင်း ဆက်ပြီး ရေကိုမြိုချလို့လည်းမရပါဘူး ။ ဇွတ်မြိုချတာနဲ့ သေမှာပါပဲ ။ ဒါဟာ နှလုံးကြွက်သားတွေ ပင်ပန်းပြီး အောက်ဆီဂျင်ပြတ် တောက်တဲ့လက္ခဏာပါ ။ ဦးနှောက်က နှလုံးကြွက်သားပေါ်စေ့ဆော်ပေးရမလား အောက် ဆီဂျင်ကိုစေ့ဆော်ပေးရမလား ဝေခွဲမရ ဖြစ်သွားတဲ့ အချိန်လဲ ဖြစ်တက်ပါတယ် ။ အဲ့ဒီအချိန် မှာ နှလုံးကြွက်သား တွေ အောက်ဆီဂျင်လိုတဲ့အတွက် အရမ်းကို နှလုံးခုန်ပြီး အောက်ဆီ ဂျင်တောင်းနေတဲ့အတွက် ဇောချွေး ပြန်နေပါလိမ့်မယ် ။ စကားလဲမပြောနိုင်သလို အာတွေ ခြောက်ပြီး တံတွေးကိုမြိုဖို့ဆိုတာလည်း သိပ်ခက်ပါတယ် ။ အဲ့ဒီအချိန်မှာ ရေကိုတောင်းတက် ပါတယ် ။တကယ်လိုအပ်နေတာ အောက်ဆီဂျင်ပါ ။

အောက်ဆီဂျင်မရရင် နှလုံးဟာ အလုပ်မလုပ်နိုင်တော့ပါဘူး။ မကြာခဏ ရုတ်တရပ် ရင်ဘတ် မှာ ဖိညှစ်ထားသလို အသက်ရှု ကြပ်တာ ခံစားဖူးကြပါလိမ့်မယ် ။ အဲ့ဒါခေတ္တ ခဏ အောက်ဆီဂျင်ပြတ်သွားတာပါ။ ပင်ပန်းနေတဲ့လူတဦးဟာ သွေးတွင်းဆိုဒီယမ် ဆားဓါတ် တွေ ကျနေတက်ပါတယ် ။ ဆိုဒီယမ် ဆားဓါတ်ဟာ အောက်ဆီဂျင်ကိုသယ်ဆောင်ရာမှာ အထောက်အကူပြုတာမို့လို့ နှလုံးကြွက်သား ပင်ပန်းလွန်းပြီး အောက်ဆီဂျင်ပြတ်ချိန်မှာ ရေကို အသက်မရှုနိုင်ဘဲ သောက်မိရင် အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဆားဓါတ် တွေ လျှော့ ကျပြီး အောက်ဆီဂျင် ရနိုင်ဖို့ ခက်ခဲသွားပါတယ် ။ ဒါ့ကြောင့် အောက်ဆီဂျင်မ ရတဲ့ နှလုံး ကြွက်သားဟာ ကြွက်တက်ခြင်းကိုဖြစ်လာစေတာမို့လို့ တကိုယ်လုံအကြောတွေ တွန့် လိန်ပြီး နှလုံးရှော့ခ် ရစေပါတယ် ။ အဲ့ဒီအချိန် မိနစ်ပိုင်းလေး အောက်ဆီဂျင်ပြတ်တာနဲ့ နှ လုံးကြွက်သားတွေ အားပြတ်ကျသလိုနှလုံးရဲ့လျှပ်စစ်လှိုင်းတွေထုတ်ပေးနေတဲ့ စနစ်တွေ ရပ်တန့်သွားမှာပါပဲ ။ အဲ့ဒီလျှပ်စစ်လှိုင်းတွေက ကြွက်သားတွေပေါ် မူတည်ပြီး လှုပ်ရှားနေရတာဖြစ်ပါတယ် ။

ဒီရောဂါဟာ ဘေးနားမှာ လူရှိနေလည်း ဘုမသိ ဘမသိ ဖြစ်နေတက်တာများပါတယ် ။ သိရင် လူတယောက်ရဲ့ ဒူးပေါ် ကျောပေါ်မှာဖြစ်စေ မှောက်ရက်တင် ခပ်ဆတ်ဆတ် လေးထုပေးလို့ လေအန် ရေအန်လိုက်ရင် သက်သာတက်သလို ကျောကိုပူနေအောင် ပွတ်ပေးရပါတယ် ။

ပြီးမှ နှလုံး ရှေးဦးသူနာပြုစုနည်းနဲ့ လေသွင်း ဖိအားပေးနည်းကို သုံးပေးရပါတယ် ။ ဒါကမျက်မြင် လက်တွေ့တခုပါ ။ နောက်တခုက အနားမှာ လူမရှိခဲ့ မသိခဲ့ပါက ရင်ဘတ် တွေ တင်းကြပ်အောင့်လာရင် အသက်ကို ဖြေးဖြေးလေးနဲ့ လေကို အဆုပ်ထဲရောက်အောင် သွင်းယူရပါတယ်....

နှာခေါင်းနဲ့ရှုမရရင် ပါးစပ်နဲ့ရသလောက်ရှုပေးပါ ။ နာကျင်မှု့တဖြည်းဖြည်း သက်သာလာပါလိမ့်မယ် ။

နောက်တခုက ဘောအသင်းတခု အပျော်ပဲကစားသည်ဖြစ်ပါစေ အသက်ကယ်အိပ်က အရေး ကြီးပါတယ် ။ ဘောအသင်းမှာ ရုတ်တရက် လဲကျရင် ကယ်ပေးနိုင်တဲ့သူကို အသက် ကယ်အိပ်နဲ့ အတူ ထားပေးသလို အသင်းဆရာတွေတိုင်း အသက်ကယ်အိပ် သုံးနည်းကို သိကြပါတယ် ။ နောက်ပြီး အနားယူချိန်မှာ သောက်ရတဲ့ရေဟာ အသက်ဝဝရှုပြီးမှ နည်းနည်းခြင်းသောက်ရပါမယ် ။ များသောအားဖြင့် အားကစားသမားတွေဟာ ရေထက် ဓါတ်ဆားရေလိုမျိုး sport drink တွေဆောင်ထားတက်ကြတာများပါတယ် ။ ပရိသတ်ကြီး ဆင်ခြင်နိုင်အောင် ကျန်းမာရေး ဗဟုသုတ အဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Dr နီလာလွင် ( တရဆ )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။