ပရိသတ်ကြီးရေ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဖြူစင်တဲ့အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်ဖြစ်ပြီး ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမချစ်ရတဲ့သူနဲ့ ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ပြုခဲ့တဲ့ သဉ္ဇာက အခုဆိုရင် ချစ်စရာကောင်းတဲ့ သားငယ်လေးကိုပါ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။ ခင်ပွန်းရဲ့ဂရုစိုက်ကြင်နာမှုတွေနဲ့အတူ မေတ္တာတရားတွေပြည့်နေတဲ့ သူမတို့မိသားစုလေးက အရမ်းကိုကြည်နူးစရာကောင်းတာ တွေ့ရပါတယ်။

သူမကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေ ပြန်လည်ရိုက်ကူးလာသလို သားလေးကလည်း အခုကတည်းက ကြော်ငြာမင်းသားလေးအဖြစ် ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။လတ်တလောမှာတော့ ဖခင်ဖြစ်သူရဲ့မွေးနေ့လေးကို မိသားစုစုံလင်ကျင်းပခဲ့တဲ့ အမှတ်တရပုံလေးတွေနဲ့ အတူ "happy birthday pa pa. ရန်ကုန်ရောက်လို့ကျောင်းတက်တဲ့၅တန်းကစ ၉တန်းအထိ နေ့တိုင်း ကျောင်းကို ကားနဲ့အပို့အကြိုအမြဲလုပ်ပေးခဲ့သလို မင်းသမီးလုပ်တော့လဲ နေ့တိုင်း ရန်ကုန်မှာပဲရိုက်ရိုက် နယ်မှာပဲရိုက်ရိုက် နေ့တိုင်းမာမားနဲ့ ပင်ပင်ပန်းပန်းလိုက်ပို့ပေးတဲ့ ပါပါး အိမ်ထောင်ပြုလိုက်မှပဲ ကိုယ့်သမီးကို စိတ်ချရတော့တယ် လျှောက်လည်ချင်တဲ့နေရာလည်လို့ရပြီ စိတ်အေးသွားပြီဆိုပြီးပျော်နေတဲ့ ပါပါးရေ အခုမွေးနေ့ကစလို့ မာမားနဲ့အတူ ခရီးတွေအများကြီး ထွက်နိုင်ပြီးကျန်းကျန်းမာမာနဲ့ အသက်ရာကျော်အနာကင်းကင်းနဲ့နေရပါစေ။ ပါပါးသမီးကို လုပ်ပေးခဲ့တာတွေအမြဲသတိရပြီးနေ့တိုင်း ကျေးဇူးတင်ပါတယ်ပါပါး ဆိုးခဲ့တာတွေရှိခဲ့ပေမဲ့ သမီးကိုပဲအချစ်ဆုံးမလို့ပါပါးကိုလဲသမီးအရမ်းချစ်တယ် (ကျန်တဲ့အမ လေးယောက် ဂျေမဝင်ရ)"ဆိုတဲ့ ရင်တွင်းကျေးဇူးတင်စကားလေးပါဖော်ပြထားတာတွေ့ရပါတယ်။

သားသားလေးရဲ့ ဗီဒီယိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း မကြာခဏ ဆိုသလို သူမရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ပရိသတ်တွေကလည်း ချစ်ခင်နှစ်သက် အားပေးကြတာတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် သင်ဉ္ဖာနွယ်ဝင်းတို့ မိသားစု စုံစုံလင်လင်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Thinzar Nwe Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။