လွန်ခဲ့တဲ့ ရက်အနည်းငယ်ကကြွေလွင့်ခဲ့ရတဲ့ နာမည်ကြီး အနုပညာရှင် မင်းသွေးအတွက် ကျန်ရစ်သူမိသားစု အနုပညာညီအကိုမောင်နှမတွေနဲ့ ပရိသတ်တွေကတော့ ဝမ်းနည်းပူဆွေးလို့နေကြပါတယ်။ မင်းသွေးရဲ့ သေဆုံးမှုကို လက်ရှိအထိမယုံကြည်နိုင်သေးသူများစွာရှိနေပြီး အိမ်မတ်တစ်ခုလို ဖြစ်စေချင်သူတွေလည်း များစွာရှိနေတာကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြန်လည်ပြင်ဆင်လို့မရတော့ပေမယ့် မင်းသွေးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာ ထင်ကျန်နေအုန်းမှာတော့အမှန်ပဲဖြစ်ပါတယ်။

နောက်ဆုံးခရီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ မင်းသွေးရဲ့ နာရေး နဲ့ ပတ်သက်ပြီး နိုင်ငံကျော် တေးသံရှင် အေသင်ချိုဆွေ တစ်ယောက် ပေါက်ကွဲလိုက်ပါတယ် ။ အေသင် က "ကန်တော့ပါရဲ့ စောက်ဆင့်ကိုမရှိဘူး သေမင်းက ဒီလိုအောက်တန်းစားမျိုးကျတော့ အသက်ရှင်ခွင့်ပေးထားတယ်နော်ဘယ်လိုသေမင်းလဲ အဲ့မှာ ရိုက်နေတဲ့ ဖုန်းတွေရောအကုန် ရိုက်ခွဲပစ်ရမှာကျမသာဆို သည်းခံနိုင်မှာမဟုတ်ဘူး ကိုနေတိုး တို့မိသားစု တော်တော် တရားရှိလို့သာသည်းခံနိုင်ကြတာ" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

မင်းသွေးရဲ့ နာရေးမှာတချို့သောသူများ ရဲ့ လုပ်ရပ်တွေကြောင့် ကာယကံရှင် မိသားစုတွေအပါအဝင် စိတ်အနှောင့်အယှက်တွေများစွာဖြစ်ခဲ့ရတဲ့အကြောင်းတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပရိသတ် တချို့ က ဖော်ပြခဲ့ကြပါတယ် ။ အေသင်ကလည်း စိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့အထိ ပြုလုပ်ခဲ့ကြတဲ့ ပရိသတ်တွေကို သာရည်ရွယ်ပြီးအခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရော အေသင်အခုလိုပြောလိုက်တဲ့အပေါ်မှာ တစ်ခုခု ပြောချင်ာ့တယ် ဆိုရင် မှတ်ချက်ပေးဖို့ မမေ့ကြပါနဲ့ နော်။

Source - Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။