သရုပ်ဆောင် မင်းသွေး သေဆုံးမှုနဲ့ပတ်သတ်ပြီး မိသားစုနဲ့ထပ်တူ ထပ်မျှဝမ်းနည်း ကြေကွဲ ရသူတွေကတော့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ မင်းသွေးကို ချစ်တဲ့ ချစ်ပရိသတ် တွေပါ ။

သူရဲ့နာရေးကို အနုပညာရှင် ပေါင်းများစွာ လိုက်ပို့ခဲ့ကြပြီး စိတ်ထိခိုက်ဖွယ်အကောင်းဆုံး သောမြင်ကွင်းအနေနဲ့ အနုပညာရှင်တွေရဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်တဲ့ ပုံရိပ်တွေနဲ့အတူ ယူကြုံးမရ ငိုကြွေးမှု ပုံရိပ်တွေပါဘဲ ။

အဲဒီထဲကတစ်ယောက်အပါဝင်ဖြစ်တဲ့ သရုပ်ဆောင်စည်ဖြိုးကတော့ မင်းသွေးနဲ့သတ်ကွင်း ကားမှာ အတူတူ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး မင်းသွေး သေဆုံးမှုနဲ့ပတ်သတ်ပြီး အရမ်းကို စိတ်ထိခိုက်ခံစားနေရတာပါ ။

မိတ်ကပ် artist တစ်ယောက်ဖြစ်သူ အိမီမီကိုက " ဦးလေး..

လူတွေ အများကြီးပဲ သိလား.

ညအိပ် စောင့်တဲ့လူနဲ့

ကင်မရာ တဖြတ်ဖြတ် ရိုက်တဲ့လူနဲ့

မတိုးကြပါ နဲ့ မတိုးကြပါနဲ့ အော်တဲ့လူကအော်လို့

လက်တွေတားရင်း

ကြိတ်ကြိတ်ကို တိုးလို့...

ဒါပင်မဲ့လေ

အခုလို မဟုတ်ပဲ ..လေ.......... " ဆိုတဲ့ ဝမ်းနည်းဖွယ်စာသားလေးကိုရေးသားခဲ့တာ ဖြစ်ပါတယ် ။ စည်ဖြိုးကတော့ ပရိတ်သတ် ကြိတ်ကြိတ်တိုးတာမျိုးက အခုလိုပုံစံမျိုး မဟုတ်ရင် .. ညီအရမ်းပျော်မိမှာ..ကိုကြီး ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ပေါ်ကနေ ရေးသားခဲ့တာဖြစ်ပါတယ် ။

အနုပညာအလုပ်တွေအတူတူလုပ်ကိုင်ရင်း ခုလို ရုတ်တရက်ကြီး နှုတ်ဆက်ထွက်ခွာသွား တာကို လက်မခံနိုင်သေးဘူးလို့ လည်း ဆိုပါတယ် ။

အခုလို အောင်မြင်စပြုနေတဲ့ အနုပညာရှင် ကြယ်တပွင့်ကြွေလွင့်သွားရတာ ရုပ်ရှင်လောက အတွက် တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပါဘဲ ။

ချစ်တဲ့ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ပရိသတ်တွေ ကို ထားခဲ့ပြီး နှုတ်မဆက်ဘဲထွက်သွား ခဲ့ တဲ့ မင်းသွေး တစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိပြီး ငြိမ်းချမ်းစွာအနားယူပါ တော့နော် ။

Source : Si Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။