တရုတ်နိုင်ငံရဲ့ ဥပဒေအရ အနုပညာရှင် အယောက်တိုင်းဟာ ထမ်းဆောင်ရမဲ့ အခွန်တာဝန်ရှိတာမို့ အရင်တလောက အခွန်ရှောင်မှု ကြောင့် ပြသနာတွေတက်ခဲ့ပြီး သူမရဲ့ အနုပညာအလုပ်တွေအားလုံး ပိတ်ထားရတယ် ဆိုတဲ့ ထိ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သူမကို ဘယမှာ ရှိနေလဲ မသိခဲ့ရသလို၊ တချို့ကလည်း အမေရိကန်မှာ ခိုလှုံနေတယ် စသဖြင့် အမျိုးမျိုး သတင်းတွေ ထွက်ရှိခဲ့ပြီးနောက် မင်းသမီး ဘင်းဘင်းဟာ ခုတော့ ပြန်လည်ထွက်ပေါ်လာပါပြီ။

တရုတ်မင်းသမီးလေး ဖန်ဘင်းဘင်းကို မြန်မာရုပ်သံမှာ ထုတ်လွင့်ခဲ့တဲ့ My Fair Princess (ရွှေမင်းသမီး)ဆိုတဲ့ ရုပ်သံဇာတ်လမ်းမှာ စတင်လူသိများခဲ့ပြီနောက် အရံမင်းသမီးဘဝကနေ အဆင့်ဆင့် ခေါင်းဆောင်မင်းသမီးတစ်ယောက် အနေနဲ့အပြင် ဟောလီဝုဒ်ရုပ်ရှင်လောကမှာပါ Blink ဆိုတဲ့ Superhero ဇာတ်ကောင်ကို X-Men: Days of Future Past (2014) ရုပ်ရှင်မှာပါ ပါဝင်သရုပ်ဆောင်နိုင်သည်ထိအောင်မြင်ခဲ့သူဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အနုပညာသရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီး တစ်လက် ဖြစ်သလို လက်ရှိမှာ သူမရဲ့ Fans တွေရဲ့ ထွက်ဆိုချက်အရ အမေရိကန်ဒေါ်လာ သန်းပေါင်း($100 million) ချမ်းသာတယ်လို့ ကြားသိရသော်လည်း ယနေ့သူမ ရင်ဆိုင်နေရတဲ့ အခွန်ရှောင်တဲ့ အမှုပြသနာအတွက် ပေးချေရမဲ့ အခွန်ငွေဟာ တရုတ်ယွမ်ငွေ (၂၄၈) သန်း ၊ အမေရိကန်ဒေါ်လာ ($36,104,236)(သန်း ၃၆၀) ဖြစ်ပါတယ်။ တရုတ်အာဏာပိုင် သတင်းမီဒီယာတွေရဲ့ အတိအကျသတင်းတွေအရ သူမဟာ အခွန်ရှောင်မှု အတွက် ပြစ်ဒဏ်ကြေးအနေနဲ့ပါ စုစုပေါင်း တရုတ်ယွမ်ငွေ (၈၈၀) သန်း၊ အမေရိကန်ဒေါ်လာသန်း(၁၃၀) ကို (၂)ရက်အတွင်းပေးဆောင်လိုက်တယ် လို့ ဆိုပါတယ်။

သူမရဲ့ ကြွယ်ဝမှု ချမ်းသာမှု ဖော်ပြတဲ့အသားတင် ထက်ကို အဆပေါင်းများစွာကွာတဲ့ ဒီငွေကြေးပမာဏကို မင်းသမီး ဖန်ဘင်းဘင်းအနေနဲ့ မျက်ခုံးတောင် မလှုပ်သလို သူမဟာ ဒီအမှုကိစ္စ မဖြစ်ခင် တစ်ချိန်ကလည်း "ကျွန်မ အနေနဲ့ ဘယ်တော့မှ ချမ်းသာတဲ့ ယောကျ်ားတစ်ယောက်ကို လက်မထပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမကိုယ်တိုင်ကကို ချမ်းသာလို့ပါ " လို့ ဆိုခဲ့ပါဖူးပါတယ်။ ဒီအမှု ကိစ္စကြီးပြီးရင်တော့ ဖန်ဘင်းဘင်းအနေနဲ့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်နိုင်ပြီ ဖြစ်သလို လက်ရှိ သူမရဲ့ အချစ်ရေးကတော့ တရုတ်မင်းသား လီချမ်းလီချမ်း နဲ့ စေ့စပ်ပြီးပြီ ဖြစ်ပါတယ်။

source:www.koreaboo.com/news;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။