တရုတ်နိုင်ငံ၊ အလယ်ပိုင်းက ဟီနန်စီရင်စုမှာ တည်ရှိတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တစ်ဖွဲ့ဟာ ဆိုးဆိုးရွားရွား ယာဉ်မတော်တဆမှုဖြစ်ထားတဲ့ ကားအပျက်အစီးတွေကို အများပြည်သူ သံဝေဂယူနိုင်စေဖို့ ပြတိုက်သဖွယ် ခင်းကျဉ်းပြသထားကြောင်း သိရပါတယ်။ ဒီလိုပြသထားခြင်းကြောင့် ကားဆရာတွေအတွက် သတိသံဝေဂရဖို့ နဲ့ မဆင်မခြင်မောင်းနှင်လို့ ဖြစ်လာနိုင်တဲ့ရလာဒ်တွေကို သင်ခန်းစာယူနိုင်ဖို့ ဆိုလိုတယ်လို့လည်းသိရပါတယ်။

ပြသထားတဲ့ ကားအပျက်အစီးတွေထဲမှာ တကယ့် ကျွမ်းပေ့ရမ်းပေ့ဆိုတဲ့ ကားဆရာတွေရဲ့ ကားတွေလည်းပါဝင်ပြီး၊ ဒီလို ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ကားအပျက်တွေကို ကြည့်ခြင်းအားဖြင့် ယာဉ်မတော်တဆမှုဖြစ်စဉ်က ဘယ်လောက်အထိ ဆိုးရွာလိမ့်မယ်ဆိုတာကို မျက်လုံးထဲမှာ မှန်းဆမြင်ယောင်မိစေမှာပါ။ဒီလိုပဲ ခင်းကျဉ်းပြသထားတဲ့ ကားအပျက်တွေရဲ့အောက်မှာလည်း မူလယာဉ်မတော်တဆမှုဖြစ်စဉ်က အဖြစ်အပျက်ကို အကျဉ်းချုံးဖော်ပြထားပြီး၊ လူအသေအပျောက် ဘယ်လောက်ရှိခဲ့တယ်၊ ကားရဲ့ပျက်စီးမှုက ဘယ်လောက်အထိ ဆိုးရွားပြင်းထန်တယ်၊ အခင်းဖြစ်စဉ်တုန်းက မောင်းနှင်ခဲ့တဲ့ အမြန်နှုန်းက ဘယ်လောက် စတာတွေကို ဖော်ပြပေးထားပါတယ်။

တစ်ချို့ယာဉ်မတော်တဆမှုတွေထဲမှာ ယာဉ်ကို နမော်နမဲ့မောင်းနှင်ခြင်း၊ အရက်သေစာသောက်စား မောင်းနှင်ခြင်း၊ မကျွမ်းကျင်ဘဲ မောင်းနှင်ခြင်း၊ ကျွမ်းကျင်လွန်းပြီး အရှိန်ကုန်မိုင်ကုန် မောင်းနှင်ခြင်း၊ ဘရိတ်မမိ စက်ပိုင်းဆိုင်ရာချို့ယွင်းခြင်း စတဲ့အချက်တွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်မတော်တဆမှု မျိုးစုံပါဝင်ကြောင်း သိရပါတယ်။

source - CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။