အောက်တိုဘာ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ်၊ အယ်ဘိုကတ်ကဲမြို့တွင် နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို ဖွင့်လှစ်ကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါ နိုင်ငံတကာ မီးပုံးပျံပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ၄၇ ကြိမ်မြောက်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ယခင်နှစ်တွေကကျင်းပခဲ့တဲ့ ပွဲစဉ်တစ်လျောက်လုံး အဆိုပါပွဲတော်ကို လာရောက်လည်ပတ်သူအရေအတွက် စုစုပေါင်း တစ်သန်းနီးပါး လာရောက် ကြည့်ရှုခဲ့ကြတယ်လို့သိရပါတယ်။ယခုနှစ်ကျင်းပတဲ့ မီးပုံးပျံပွဲတော်ကို ပွဲတော်ခေါင်းစဉ်ကိုတော့ “Carry Me Away”လို့ အမည်ပေးထားတယ်လို့သိရပါတယ်။အဆိုပါပွဲတော်ကိုတော့ အောက်တိုဘာလ ၆ နေ့မှ စတင်ကာ အောက်တိုဘာ ၇ ၊ ၁၀ ၊ ၁၃ နဲ့ ၁၄ ရက်တွေမှာ မီးပုံးပျံတွေ အများအပြား လွှတ်တင်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

ယခုနှစ်ကျင်းပတဲ့ မီးပုံးပျံပွဲတော်ကို ပွဲတော်ခေါင်းစဉ်ကိုတော့ “Carry Me Away”လို့ အမည်ပေးထားတယ်လို့သိရပါတယ်။အဆိုပါပွဲတော်ကိုတော့ အောက်တိုဘာလ ၆ နေ့မှ စတင်ကာ အောက်တိုဘာ ၇ ၊ ၁၀ ၊ ၁၃ နဲ့ ၁၄ ရက်တွေမှာ မီးပုံးပျံတွေ အများအပြား လွှတ်တင်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ 

အဆိုပါ ပွဲတော်တွင် မီးပုံးပျံ ၆၀၀ နီးပါး ပါဝင်ကြမှာဖြစ်ပြီး မီးပုံးပျံ၁၀၀လောက်ကတော့ အထူးပုံဖော်ထားတဲ့ မီးပုံးပျံတွေ ဖြစ်တယ်လို့ သိရတယ်။အဆိုပါ အထူးပုံဖော် မီးပုံးပျံတွေမှာ ပန်းချီဆရာ ဗင်ဂိုးပုံ၊ ပြုံးရယ်နေတဲ့ အီမိုဂျီပုံ ၊ ခွေးဘီလူး ဘက်စ်တာပုံနဲ့ ချိစ်စားနေတဲ့ ကြွက်ပုံတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။