ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ(၃)ရက်နေ့က ရုတ်တရက်ကွယ်လွန်သွားခဲ့တာကိုတော့ ပရိသတ်ကြီးများအားလုံးအသိပါပဲနော်..။

မင်းသွေးရဲ့ နာရေးသတင်းလေးကတော့ မိသားစုနဲ့ အနုပညာရှင်တွေအပြင် ပြည်သူပရိသတ်တွေကိုပါ ယူကြုံးမရဝမ်းနည်းကြေကွဲစေခဲ့သလို စိတ်မကောင်းစရာ သတင်းဆိုးလေးကြောင့် တော်တော်များများ ထိတ်လန့်အံ့သြခဲ့ကြရပါတယ်..။

ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေက မင်းသွေးရဲ့နာရေးအိမ်ကို လာရာက်သတင်းမေးရင်း အားပေးစကားလေးတွေပြောခဲ့ကြသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ကလည်း နာရေးအိမ်ကို ကိုယ်တိုင်လာရောက်ပြီး သတင်းမေးခဲ့ကြပါတယ်..။

ညီလေးဖြစ်သူမင်းသွေးရဲ့ နာရေးလေးအတွက် လာရောက်သတင်းမေးကြတဲ့ ဧည့်သည်တွေကို နေတိုးတို့မိသားစုလေးကလည်း အပူရုပ်ကိုဟန်လုပ်အားတင်းရင်း ပြန်လည်ဧည့်ခံစကားပြောခဲ့ကြတာလည်း တွေ့ရပါတယ်..။

သရုပ်ဆောင်မင်းသွေးကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားသလို ဂီတပိုင်းမှာလည်း အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူဖြစ်တဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။

ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တဲ့ မင်းသွေးအတွက် ကျန်ရစ်သူမိသားစုလေးဖြစ်တဲ့ နေတိုးမိသားစုလေးကလည်း မင်းသွေးအတွက် ကောင်းမှုကုသိုလ်လေးတွေလည်း ပြုလုပ်ပေးနေသလို ခင်မင်ရင်းနှီးတဲ့အနုပညာရှင်များကလည်း ကုသိုလ်လေးတွေ ပြုလုပ်အမျှဝေပေးနေကြတာလည်း တွေ့ရပါတယ်..။

Photo - ဦးဇော်အေးမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။