ပြည်တွင်း ယာဉ်တိုက်မှုတွေကတော့ နေ့စဉ်မပြက်ဖြစ်ပွားလေ့ရှိပြီး ဆိုးရွားတဲ့ ဖြစ်ရပ်တွေကလည်း မကြာခဏဆိုသလို ကြားမိနေကြမယ်ထင်ပါတယ်။ 

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွေထဲမှာ အမြန်လမ်းမကြီးနှင့် မန္တလေး မှုဆယ်လမ်းတွေကတော့ အများဆုံးဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။  

ဒီကနေ့ အောက်တိုဘာလ ၈ရက်နေ့တွင်လည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုအကျော် ဂုတ်တွင်းအဆင်းတွင်း ဆိုးရွားလွန်းတဲ့ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ နံနက်ပိုင်း ၉နာရီအချိန်ခန့်တွင် ရှမ်းမြောက်ခရိုင် နောင်ချို အကျော် ဂုတ်တွင်းအဆင်း မှာ ၁၂ ဘီးတွဲကား နှင့် ကားသုံးစီးဆင့်တိုက်မိခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုအကျော်ဂုတ်တွင်းအဆင်းယာဉ်တိုက်မှုပုံရိပ်များကို ပြသရင်း ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်နိုင်ကြပါစေနော်...။

Photos - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။