ဆယ်ကျော်သက်အနုပညာရှင်မလေး ယွန်းယွန်းကတော့ ပရိသတ်တွေဆယ်စုနှစ်တစ်ခုနီးပါး အားပေးလာခဲ့ရတဲ့ အနုပညာရှင်မလေးပဲ ဖြစ်ပါတယ်။ကလေးသရုပ်ဆောင်ဘဝထဲက သွတ်သွတ်လက်လက်နဲ့ ချစ်ဖို့ကောင်းတဲ့သူမကို ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြရတာဖြစ်ပြီး လက်ရှိမှာတော့ အရမ်းကိုချောပြီးလှနေတဲ့ ဆယ်ကျော်သက်မလေးဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်နော်။လူငယ်ပရိသတ်တွေကြားမှာ မိန်းမချောလေးတစ်ယောက်အဖြစ် အရမ်းကိုရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်။  

အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့သူမကတော့ ပရိသတ်တွေအားလုံးရဲ့ နှလုံးသားတွေကို သူမရဲ့ အလှတွေနဲ့ သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။ချိုသာတဲ့အပြုံးလေးတွေအပြင် ပါးချိုင်လေးနဲ့ချစ်ဖို့ကောင်းတဲ့သူမရဲ့ အပြုံးတွေအောက်မှာ ရုန်းထွက်နိုင်ဖို့ခက်ခဲလှတာပဲဖြစ်ပါတယ်။ဒီနေ့မှာလည်း ပရိသတ်တွေ အကြည့်တွေမခွာနိုင်လောက်အောင်အထိ လှလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်ကနေ မျှဝေလိုက်ပြန်ပါတယ်။ 

သူမရဲ့ လူမှုကွန်ယက်မှာတော့ " All about Yesterday's" ဆိုတဲ့စာလေးနဲ့ အတူချစ်စရာကောင်းပွဲတက်ပုံရိပ်လေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။အမိုက်ဖက်ပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်တဲ့အလှတွေကြောင့် နတ်သတ်ကြွေနတ်သမီးလေးတစ်ပါး ဆင်းသက်လာသလားထင်မှတ်ရတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းလွန်းတဲ့သူမရဲ့အလှပုံရိပ်လေးတွေမှာ ပရိသတ်တွေအကြည့်တွေမခွာနိုင်ဖြစ်သွားစေဖို့တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ယွန်းယွန်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။