တောင်ကိုရီးယား အဆိုတော်မလေး Gummy ဆိုရင် ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းတွေ အပြင် သီချင်းကောင်းလေးတွေကို သီဆိုခဲ့ပြီး စွဲညို့တဲ့ အသံပိုင်ရှင် ပါရမီလေးလို့ ဆိုရမှာပါ။ ဇာတ်လမ်းဝင်တွေမှာသူမ သီဆိုထားတဲ့ သီချင်းရဲ့ အသံကို ကြားရရင် ဇာတ်လမ်းကို ဒီထက်ပို လေးနက်အောင် ဒီထက်ပို စိတ်ဝင်စားအောင် ၊ ခံစားရအောင် ရသတွေ ပေးနိုင်တဲ့ ဇာတ်ပို့ နိုင်တဲ့ အသံရှင်ဖြစ်ပါတယ်။

သူမရဲ့ ချစ်သူကတော့ တောင်ကိုရီယားနိုင်ငံရဲ့ မင်းသားကောင်းတလက်ဖြစ်တဲ့ Jo Jung-suk ဖြစ်ပြီး သူတို့နှစ်ဦး ဟာ 2013ခုနှစ်မှာ စတင်ချစ်ကြိုက်ခဲ့ကြပြီး ချစ်သူသက်တမ်း(၅) နှစ် ဝန်းကျင်ခန့်ရှိခဲ့ပြီဖြစ်ပါတယ်။ မင်းသား Jo Jung-suk ကတော့ Oh My Ghost (2015), The King 2 Hearts (2012), You're the Best နဲ့ Lee Soon-shin (2013) ဆိုတဲ့ TV ဇာတ်လမ်းတွေ နဲ့ အတူ အောင်မြင်မှု ရရှိခဲ့တဲ့ မင်းသားတလက်ဖြစ်ပါတယ်။

ချစ်သူ သက်တမ်း(၅) နှစ်အတွင်း မှာ သက်ဆိုင်ရာ အေဂျင်စီတွေရဲ့ စီမံခန့်ခွဲမှုတွေ ရဲ့ စနစ်ကျမှုနဲ့ အတူ သူတို့ နှစ်ဦးရဲ့ စုံတွဲပုံကို တစ်ခါမှ မတွေ့ ရှိရ၊ မထုတ်ပြန်ဖူးသလို Gummy ရဲ့ အေဂျင်စီ ဖြစ်တဲ့ C-Jes Entertainment နဲ့ Jo ရဲ့ အေဂျင်စီဖြစ်တဲ့ JS Company တို့ကနေ ချစ်သူနှစ်ဦးဖြစ်တဲ့ မင်းသား Jo နဲ့ အဆိုတော်မလေး Gummy တို့ဟာ လက်ထပ်ပြီးပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံး ကျွန်းတွေထဲက တစ်ခုဖြစ်တဲ့ ဂျယ်ဂျူးကျွန်း မှာ ရိုက်ကူးထားတဲ့ Pre-wedding ပုံလေးတွေကို ပရိသတ်တွေကို ပြန်လည် မျှဝေလိုက်ရပါတယ်နော်..။

source:https://www.allkpop.com; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။