ပရိသတ်တွေ အချစ်ပိုနေကြရတဲ့အနုပညာရှင်များရဲ့ ရင်သွေးငယ်လေးတွေထဲမှာ ယွန်းဝတီလွင်မိုးရဲ့သားဦးလေးLaimကလည်း ထပ်တိုးပါဝင်လာပါတယ်။ယွန်ဝတီလွင်မိုးကတော့ အနုပညာအလုပ် တွေမလုပ်ကိုင်ပေမယ့်လည်းဖေဖေဖြစ်သူလွင်မိုးရဲ့ အနုပညာအရှိန် အဝါများကြောင့် လူမှုကွန်ယက်ပရိသတ်တွေကြားရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။သူမကတော့ပညာရေးအတွက် နိုင်ငံခြားမှာ သွားရောက်ကျောင်းတက်နေရာမှဖူးစာဆုံမှတ်ကာအခုလိုပရိသတ် တွေချစ်ရတဲ့သားဦးလေးကိုမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ကတော့ အိမ်ထောင်ပြုစဉ်ကတည်းက ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်မှုကိုခံခဲ့ရတာဖြစ်ပြီ အခုသားလေးရလာတဲ့အထိ ပရိသတ်တွေကြားဟော့ဖြစ်နေဆဲပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားလေးရဲ့ မျက်နှာလေးကိုလည်း ပရိသတ်တွေ အားလုံးရင်ခုန်စိတ်လှုပ်ရှားမှုများစွာနဲ့စောင့်ကြည့်ခဲ့ရတာဖြစ်ပြီး သားသားလေးကို ပရိသတ်တွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့ ပရိသတ်တွေရဲအချစ်တွေကိုမြောက်များစွာရရှိခဲ့သလို ဖိုးဖိုးဖွားဖွားတို့ ရဲ့ နှလုံးသားတွေကိုလည်းသိမ်းပိုက်နိုင်ခဲ့တဲ့မြေးဦးလေးပဲဖြစ်ပါတယ်။

ဒီနေ့မှာလည်းမေမေသီချင်းဆိုပြတာကို မိန့်မိန့်ကြီးနဲ့ပြုံးပြုံးကြီးသဘောကျစွာနားထောင်နေတဲ့ သားလေးရဲ့ ဗီဒီယိုဖိုင်လေးကလည်း ပရိသတ်တွေကြားကြည့်ရှု့သူအရမ်းကိုများနေပြန်ပါတယ်။ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေအချစ်ကိုသိမ်းပိုက် ထားတဲ့ liam လေးကတော့ ဒီနေ့ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အူတွေအသဲတွေယားစေခဲ့ပြန်တာပဲဖြစ်ပါတယ်။မေမေ့ဆိုပြတဲ့သီချင်းလေးနားထောင်ရင်း ပြုံးပြုံးကြီးနဲ့သဘောတွေကျနေတဲ့ ဘေဘီ Liamရဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ယွန်းဝတီလွင်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။