ယွန်းဝတီလွင်မိုးဟာ လူငယ်အမျိုးသမီးတွေကြား အမြဲစောင့်ကြည့်နေရတဲ့ ဆယ်ကျော်သက် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာနဲ့ ပညာရေးဖက်မှာလည်း အောင်မြင်သူတစ်ဦးဖြစ်သလို တစ်ဖက်မှာလည်း သားလေးတစ်ယောက်နဲ့အတူ မိသားစုဘဝလေးကို တည်ဆောက်နေတဲ့ ဇနီးသည်တစ်ဦးလည်း ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ ယွန်းဝတီလွင်မိုးဟာ သားဖြစ်သူ Liam နဲ့အတူမြန်မာပြည်ကို ရောက်ရှိနေတယ်လို့ သိရပြီး သူမရဲ့သားလေးဟာလည်း ပရိသတ်တွေကြား ချစ်စရာဖြစ်လို့နေပါတယ်။ ခေးဟာ ကလေးမွေးပြီးတဲ့တိုင် အခုချိန်ထိ အရင်ခန္ဓာကိုယ်အချိုးအဆစ်လေး ထိန်းသိမ်းထားနိုင်တာ တွေ့ရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့နဲ့ မီးဖွားပြီးစမိခင်တွေကတော့ သူမရဲ့ နည်းလမ်းလေးကို သိချင်နေကြပါတယ်။ 

သူမရဲ့ ကလေးမီးဖွားပြီး ခန္ဓာကိုယ်ထိန်းသိမ်းဖြစ်ပုံကိုတော့ သူမရဲ့ Instagram story ကတဆင့် ပြန်ဖြေဆိုထားတာကို တွေ့ရပါတယ်။ သူမကတော့ ရိုးရိုးမွေးခဲ့တာဖြစ်ပြီး ကလေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ခန္ဓာကိုယ်အတွက် work out လုပ်ခဲ့တယ်လို့ ဖြေဆိုထားပါတယ်။ လက်ရှိမှာလဲ work out အသေအချာလုပ်ဖြစ်တယ်လို့ ပြောထားပြီး ကလေးမီးဖွားပြီး ခန္ဓာကိုယ်ထိန်းသိမ်းမဲ့ သူတွေအတွက်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး work out လုပ်သင့်ကြောင်း ပြန်လည်ဝေမျှထားပါတယ် ပရိသတ်ကြီးရေ.....

Photo Source: Yun Waddy Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။