ဟာသ သရုပ်ဆောင် ဦးမန်းဝင်းကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ယနေ့အချိန်ထိ သူ့ရဲ့ဘဝတစ်လျှောက်လုံး အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့ ရယ်စရာလေးတွေ အမြဲတင်ဆက်ပေးခဲ့တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်..။
လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားရပြီး ပရိသတ်တွေနဲ့ ဝေးကွာနေပေမယ့် ဦးမန်းဝင်းတစ်ယောက်ကတော့ အနုပညာကို ချစ်မြတ်နိုးဆဲပါပဲ..။
ရောဂါဝေဒနာရဲ့ နှိပ့်စက်မှုကြောင့် မျက်လုံးမမြင်ရတော့တဲ့ ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရအတွက် ကျောက်ကပ်ကို နှစ်ရက်တစ်ကြိမ်ဆေးနေရသလို အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲပေးနေရပြီး နေ့တိုင်းလိုလို ဆေးခန်းပြနေရတယ်လို့ သိရပါတယ်..။
ကျန်းမာရေးချို့တဲ့နေရှာတဲ့ ဦးမန်းဝင်းအတွက်အနုပညာလောကမှ ချစ်ခင်ရကြတဲ့ အနုပညာရှင်တွေကလည်း ဆေးကုသမှုစရိတ်လေးတွေကို မကြာခဏလှူဒါန်းလေ့ရှိကြတာလည်း တွေ့ရပါတယ်..။
ခုတစ်ခါမှာလည်း အားလုံးက ချစ်ခင်ရတဲ့ ဦးမန်းဝင်းအတွက် အဆိုတော် J-Me နဲ့ ယုန်လေးတို့ကလည်း ဆေးဖို့အတွက် အလှူငွေများကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြပါတယ်..။
အခုလိုသတိတရနဲ့ လာရောက်ကူညီခဲ့ကြတဲ့အတွက်လည်း "J-me နှင့် ယုန်လေး အိမ်အထိလာရောက်ပြီး ဆေးဖိုးလှူ ဆုတောင်းပေးသွားပါတယ် ဖြူစင်သောစေတနာကြောင့် ဘုရားသခင်ကောင်းချီးပေးပါစေ.." ဆိုပြီးတော့လည်း ကျေးဇူးတင်စကားလေးနဲ့အတူ ဦးမန်းဝင်းက ပြန်လည်ဆုတောင်းပေးထားပါသေးတယ်..။
Photo - ဦးမန်းဝင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။