ချစ်ပရိသတ်ကြီးရေ တေးရေး၊ တေးဆို လင်းလင်းနဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ မိသားစုလေးက မြင်သူတိုင်းအားကျချင်စရာကောင်းလောင်အောင် သာယာလှပတဲ့ဘဝလေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဇနီးမောင်နှံရဲ့ အသည်းအချာလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကြောင့် အားလုံးကစိတ်ဝင်တစားနဲ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးအမြွှာလေးတွေကလည်း ပရိသတ်အားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားကြပါတယ် ။


ချစ်သုဝေကတော့ သူနဲ့ သမီးလေးတွေရဲ့ ဆော့ကစားတဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း ပွဲတက်ဖို့ အင်္ကျီ fitting လာချတုန်း ခေတ်နဲ့သစ်လေးတို့ကိုခေါ်လာကာ အသည်းယားစရာကောင်းကောင် ဆော့နေပျော်နေကြတဲ့ ချစ်စရာဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးနဲ့ အတူ "မေမေ က ပွဲတက်ဖို့ အင်္ကျီ fitting လာချတုန်းခေတ်နဲ့သစ် ဆိုင်ကိုပါလာတာ ၊ ချစ်ဖို့အရမ်းကောင်း ဦးဦးကမုန့်တွေ တောင်းစားတော့လဲကျွေးတယ်။ ချစ်ဖို့အရမ်းကောင်းတဲ့သမီးလေးနှစ်ယောက်။"ဆိုတဲ့ခေတ်လေးသစ်လေးတို့ရဲချစ်စရာကောင်းပုံလေးတွေကိုရေးသားဖော်ပြထားတာတွေ့ရပါတယ်။

ဖေဖေနဲ့မေမေတို့နှစ်ဦးကလည်း ကလေးတွေအပေါ်မှာ မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုတွေ အကောင်းဆုံး လုပ်ပေးသလို ခေတ်လေးတို့ကလည်း ဉာဏ်ကောင်းပြီး ထက်မြက်လွန်းသူလေးတွေ ဖြစ်ပါတယ်။ခေတ်လေး သစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ခေတ်လေးသစ်လေးတို့ရဲ့ ဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Minn Thet Saen

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။