အဖုအပိတ်ရောဂါတစ်မျိုးကြောင့် အခတ်တွေ့နေရတဲ့ မုံရွာမြို့နေ ဆရာတော်တစ်ပါးရဲ့ ဖြစ်စဉ်ကတော့ လက်ရှိ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ပြန့်နှံ့လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဆရာတော်ကတော့ မုံရွာမြို့ကွေ့ကြီးရပ်ရာပြည့်လမ်းနှင့် မေတ္တာလမ်းဇနကာရုံကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဆရာတော်တစ်ပါးပဲဖြစ်ပါတယ်။ လက်ရှိ ဆရာတော်ရဲ့ ရောဂါကိုကုသနိုင်ရန် နေပြည်တော်မြို့ရှိ ဇဗ္ဗူသီရိဆေးရုံအဆောင် ၁၀ အခန်း ၅၀၅ မှာ တက်ရောက်ကုသလျှက်ရှိကြောင်း သိရပါတယ်။  

ဆရာတော်ရဲ့ ရောဂါဝေဒနာကို ကုသနိုင်ရန်အတွက် အလှူငွေများကောက်ခံလျှက်ရှိပြီး စေတနာရှင်များစွာရဲ့ သဒ္ဓါတရားနည်းများမဆို ပါဝင်နိုင်ရန် မကြာခဏနှိုးဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်။ လက်ရှိ ဆရာတော်ရဲ့ရောဂါကုသနိုင်ရန်အတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော်မှဦးဆောင်၍ အလှူငွေ သိန်း ၁၀၀ ကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ အလှူငွေကိုတော် မဇ္ဈိမဂုဏ်ရည်ဆရာတော်မှာ သိန်း ၅၀ မတည်ပြီး ကျန်ဒကာ ဒကာမများက ဝိုင်ဝန်းလှူဒါန်းငွေ ၅၀ စုစုပေါင်း သိန်း ၁၀၀ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဆရာတော်ရဲ့ ရောဂါအခြေအနေသက်သာတဲ့အထိဆက်လက်လှူဒါန်းသွားဖို့ရှိနေပြီး အလှူရှင်များကိုလည်း ဆက်လက်ဖိတ်ခေါ်လျှက်ရှိကြောင်းသိရပါတယ်။ ပြန်လည်ကောင်းမွန်လာနိုင်မယ့်အခွင့်အရေးပိုမိုရရှိလာတဲ့ အဖုအပိတ်ပေါက် မုဒုံ ဆရာတော်ကြီးအတွက် အလှူငွေပေးအပ်မှုပုံရိပ်လေးတွေကို သာဓုခေါ်ဆိုရင်း မျှဝေပေးလိုက်ပါတယ်နော်။

Photos - သတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။