နိုင်ငံတကာမှာ လက်ရှိကိုးကွယ်လျှက်ရှိတဲ့ ဘာသာကြီးလေးခုထဲမှာ ဗုဒ္ဓဘာသာရဲ့ အလင်းရောင်က မှေးမှိန်လျှက်ရှိနေသေးတာကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ လက်ရှိပြည်တွင်း အဓိကဘာသာကြီးတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့အဓိကအမွေအနှစ် ထိန်းသိမ်းရာ ဘုန်းကြီးကျောင်းတွေရဲ့ အရေးပါမှုကိုတော့ အားလုံးလည်း နားလည်သဘောပေါက်မိကြမယ်ထင်ပါတယ်။  

ပြည်တွင်း ဗုဒ္ဓဘာသာဝင်တို့ လှူဒါန်းမှုတွေထဲမှာအမွန်မြတ်ဆုံးအလှူတစ်ခုဖြစ်တဲ့ ကျောင်းဆောင်အလှူကိုတော့အားလုံးနားလည်းကြမယ်ထင်ပါတယ်။ မွန်မြတ်တဲ့အလှူတစ်ခုကို မကွယ်လွန်မီအချိန်မှာပဲ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ အလှူဒကာကြီးတစ်ဦးရဲ့ အလှူကိုတော့ အားလုံးလည်း သာဓုခေါ်ဆိုကြမယ်ထင်ပါတယ်။ အဆိုပါ အလှူရှင်ကြီးကတော့ ဦးခင်လတ်(ဂန္ဓမာလာ) မိသားစုပဲဖြစ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်တော်ကြီးအတွက် ငွေကျပ်သိန်း(၂၀၀၀)ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ အလှူနဲ့ပတ်သက်ပြီး "သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်တစ်ထပ်ဆောက်လုပ်ရန်အတွက် သမာဓိမြို့ဝန်မင်း ဦးဘိုးလှိုင်+ဒေါ်မွှေးအုံ၊ သမီးဒေါ်ခင်အေး၊ ဒေါ်ခင်မြမြတို့အားရည်စူး၍ မောင်ဖြစ်သူ ဦးခင်လက်(ဂန္ဓမာလာ)မိသားစု အလှူတော်ငွေ သိန်း(၂၀၀၀) တိတိလှူဒါန်းကြောင်း" ရေးသားထားတာတွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်များထွန်းကားရာ နေရာတစ်ခုကို စိုက်ထူပေးခဲ့တဲ့ မွန်မြတ်တဲ့ အလှူရှင်ကြီးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်။

Photos - သတင်းထူးသတင်းဦးများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။