Facebook တွင်ပျံနှံ ့ခဲ့သော လူမြင်ကွင်းတွင် သင်္ဃန်းချွတ်၍ ၀ိုင်းဝန်းရိုက်နှက်ခြင်း ခံရသည်ဆို သည့် ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက်မှ ကိုရင်လေး၏ အမှုတွင် လူ့ အခွင့်အရေး ချိုးဖောက်မှု မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော် မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ Facebook မှာပါသလို သူက မတရားလုပ်ခံ ရတာတော့မဟုတ်ဘူး။ သူက သူများအိမ်ကို ကျူးကျော်တဲ့ အ တွက်ကြောင့်၊ ကျူးကျော်တဲ့ဟာကလည်း သူက ဝတ်လစ်စလစ်နဲ့ ကျူးလွန်တာ ၊ ကျူးကျော်တဲ့ အတွက် ကြောင့် ၀ိုင်းဖမ်းရင်းနဲ့ ဘုန်းကြီးမှန်းမသိ၊ သံဃာ မှန်းမသိ၊ ကိုယ်ရင် မှန်းမသိ အဲ့လိုဖြစ်တာ Face book မှာ တင်ထားသလို သံဃာမှန်းသိသိကြီးနဲ့ သင်္ဃန်းတွေကို ၀ိုင်းချွတ်ပြီးတော့ ၀ိုင်းရိုက်တဲ့ အဖြစ်မျိုးတော့ မဟုတ်ဘူး။ ဝတ်လစ်စလစ်နဲ့ ကတုံးကိုတွေ့ပြီး ၀ိုင်းရိုက်ကြတာ။ ပြီးမှ ကြိုးနဲ့ချီထားတာ။ နောက်မှ ကိုရင်မှန်း သိတာ၊ သိတော့ လည်း ဘုန်းကြီးကို ပင့်ပြီးတော့ လူဝတ်လဲဖို့

လုပ်သွားတာပေါ့လေ” ဟု လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

ရွှေပြည်သာမြို့နယ် အနောက်အုတ်ကျင်းကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာသင် ကျောင်းတွင် ၈ တန်း တက်ရောက်နေသော ကိုရင်တစ်ပါးကို

ဖေေ ဖာ်ဝါရီ ၁၄ ညက ရွှေပြည်သာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အမျိုးခြံ အတွင်း ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် လူတစ်စုမှ ၀ိုင်းဝန်းဖမ်းဆီး ရိုက်နှက်ကာ လက်နှစ်ဖက်အားကြိုးတုတ်ပြီး ရွှေပြည်သာ ရဲစခန်းသို့ ပို့ဆောင် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိုရင်လေးသည် အခင်းဖြစ်ပွားသည့် ည (၂)နာရီ ဝန်းကျင်တွင် ကျူးကျော်ခံရသည့် အိမ်ပေါ်သို့ ဝတ် လစ်စလစ်ဖြင့်တက်ကာ အိမ်ရှင်သမီး၏

အခန်း တွင်းသို့ ဝင်ရောက်ခဲ့သည့်အတွက် အိမ်ရှင်အမျိုးသမီးက သူခိုး သူခိုး ဟုအော် ၍ ၀ိုင်းဝန်းဖမ်းဆီးသည့်အချိန်တွင် အိမ်ပေါ်ကမှ ခုန်ချထွက်ပြေးသွား

ပြီး ၄င်း ထွက်ပြေးသွားသည့် နောက်ဖေးလမ်းကြားတွင် သင်းပိုင်တစ်ထည် ကျန်ခဲ့ေ ကြာင်း သိရသည်။

“အိမ်ရှင်အမျိုးသမီးက ကတုံးသူခိုး ကတုံးသူခိုး အော်တာပေါ့။ အဲဒီမှာ ၀ိုင်းဖမ်း ကြတာပေါ့။ 

၀ိုင်းဖမ်းတော့ ဗမာ လူမျိုး ထုံးစံအတိုင်း သူခိုးတွေ့တွေ့ ဓါးပြ တွေ့တွေ့ ၀ိုင်းသမကြတာ ၊ သူ့ကိုမိတော့ ကိုင်လို့မရဘူး၊ ချော်နေတယ်။ အဲဒါကြောင့် ခြံစည်းရိုး တိုင်မှာ ချီထားလိုက်တာ။ သူ့ကိုမေးတော့မှ သူက(၃)မိုင် အနောက် အုတ်ကျင်း ကျောင်းတိုက်ကပါလို့ပြောတယ်။ ပြောတဲ့အခါ တိုက်အုတ် ဆရာေ တာ်ကို ဖုန်းဆက်မေးတယ်။ ဖုန်းဆက်မေး တော့ တိုက်အုပ်

ဆရာတော်က မှန် တယ်။ သူ့ ကျောင်းက ကိုရင်ဖြစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ဆရာ တော်ကြွ ပါဆိုတော့ ဆရာတော်ကတော့ သူမကြွနိုင်ဘူး သူ့မှာ

အလုပ်ရှိနေတယ်ပေါ့နော်။ ဆရာ တော်မကြွနိုင်ဘူး ဆို ရင်တော့ တပည့်တော်တို့ ရဲလက်ကို အပ် လိုက်ပါတော့မယ်ပြောတယ်။ ပြောပြီးမှ အဲဒီက

သံဃာတော် တစ်ပါး ကို ပင့်ပြီး သိက္ခာချပေးပြီး လူဝတ်လဲ ပေးလိုက်တယ်” ဟု ဦးယုလွှင်အောင်က စစ်ဆေး

ပေါ်ပေါက်ချက်နှင့် ပတ်သက်၍ ပြောပြသည်။

ယင်း ကိုရင်လေးကို ဖေဖေါ်ဝါရီ ၂ဝရက်နေ့က ရွှေပြည်သာမြို့နယ် တရားသူ ကြီးက ကလေးသူငယ် ဥပဒေ ၄၇ (ဃ)အရ မော်လမြိုင် ဆန်းကြီးဝ

လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ (၂) နှစ် ပို့ထားရန် အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်ပြီး လူမှုကွန်ရက်တွင် ပျံ့နှ့ံခဲ့သည့် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်

သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းက ပြောသည်။

“အန်ကယ်တို့ကတော့ သူ့ကို တွံတေးက ငှက်အော်စမ်းလို နေရာမျိုး ပို့လိုက် ရင်တော့ ဒီကလေးအတွက်က သူ့ဘုန်းကြီးနဲ့ နီးတာပေါ့လေ။ ဒါလေးတစ်ခုပဲ။ ကိုယ်တို့က တရားသူကြီးက ဆုံးဖြတ်ထားပြီးပြီဆိုတော့လည်း အန်ကယ်တို့က ဝင်စွက်ဖက်လို့ မကောင်းတော့ဘူး” ဟု ဦးယုလွင်အောင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်မှ ဖေဖော် ၀ါရီလ (၂၂) ရက်နေ့ က လူ့ အခွင့် သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး Facebook ပေါ်တွင် ပျံ့နှံ့နေသည့် အချက်များမှားယွင်းနေကြောင်း လည်း ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူ း အပါအဝင် ခြံပိုင်ရှင်နှင့် ၀ိုင်းဝန်းရိုက်နှက်သူ အချို့အား ရွှေပြည် သာမြို့နယ်ရဲစခန်းက (ပ) ၁၇၃/ ၂၀၁၇ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/၂၉၄/၃၄၂/၃၂၅/၅၀၀/၁၁၄ တို့ဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်းလည်း သိရ သည်။

Source: AKonThi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။