ဂီတလောကမှာအမာခံပရိသတ်အခိုင်အမာနဲ့ တေးချစ်သူပရိသတ်တွေကြားရေပန်းစားတဲ့ အဆိုတော်ထဲမှာ အဆိုတော် ဝေလျံကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။သူကတော့ဂီတလမ်းကြောင်းပေါ်မှာအောင်မြင်သလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို လည်းပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ဝေလျံကတော့ အရမ်းချစ်အရမ်းဂရုစိုက်တက်တဲ့ဇနီးချောလေးရယ် ချစ်စရာကောင်းတဲ့အမွာလေးနှစ်ယောက်ရယ်နဲ့ရယ် အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးမှာ အိမ်ထောင်ဦးကောင်းတစ်ယောက်အဖြစ်ကြိုးစားရပ်တည်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ 

လာမယ့်နိုဝင်ဘာလမှာဆိုရင်လည်း သူတို့ဇနီးမောင်နှံလေးရဲ့ မင်္ဂလာနှစ်ပတ်လည်း အထိမ်းမှတ်နေ့လေးကိုကျရောက်မှာဖြစ်ပြီး အိမ်ထောင်သက်တမ်းအနေနဲ့ကတော့ ၁နှစ်ကျော်၂နှစ်နီးနီးကိုရှိခဲ့ပြီပဲ ဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းတစ်လျောက်လုံး မိသားစုပြသနာ တစ်စုံတစ်ရာမကြားရပဲ ချစ်ရတဲ့ဘေဘီလေးနှစ်ယောက်ရယ်နဲ့ အေးချမ်းစွာဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်တာကြောင့် ပရိသတ်တွေ အရမ်းကိုအားကျနေရတာပဲ ဖြစ်ပါတယ်။ 

လက်ရှိဝေလျံရဲ့ လူမှုကွန်ယက်မှာတင်ထားတဲ့မိသားစုပုံရိပ်လေးဟာလည်း ပရိသတ်တွေအရမ်းကို သဘောကျစေခဲ့ပြီး ဝေလျံကတော့ မိသားစုအတွက် အားကိုးထိုက်တဲ့ဟာကျူရီလို့ဆိုရမှာပဲ ဖြစ်ပါတယ်။ဓာတ်ပုံလေးထဲမှာတော့ ချစ်ဇနီးချောလေးရယ်ဘေဘီလေး နှစ်ယောက်ရယ်ကိုချီထားပြီး ပျော်စရာကောင်းတဲ့မိသားစုပုံရိပ်လေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဝေလျံကတော့ လူကောင်သေးပေမယ့် မိသားစုအတွက်ဆိုရင် ခွန်အားတွေအပြည့်ရှိနေတဲ့ဟာကျုရီပဲ ဖြစ်ပါတယ်နော်။ကြည်နူးစရာကောင်းတဲ့ဝေလျံတို့မိသားစု ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - Frank & Tank 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။