လတ်တလောမှာတော့ အူဝဲတစ်ယောက် " ဂျလေဘီ " ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ သူမနဲ့အတူအကယ်ဒမီမြင့်မြတ်၊ ခင်လှိုင်နဲ့ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံတို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးရင်း နားနေစဉ် မှာတော့ အူဝဲတစ်ယောက် ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တစ်ချို့ကို Live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။

Live လွှင့်နေစဉ်မှာတော့ သူမက Facebook Live မှာပါတဲ့ ခပ်ပြောင်ပြောင် Effect လေးတွေနဲ့ ဆော့ကစားခဲ့တာပဲဖြစ်ပါတယ်။ ဦးခင်လှိုင် တစ်ယောက် Live ထဲက Effect တွေနဲ့ လိုက်ဖက်အောင် လုပ်ပြတဲ့ပုံစံလေးတွေဟာ တကယ်ကိုရယ်မောချင်စရာပါပဲ။ အူဝဲ၊ မြင့်မြတ်နဲ့ တက္ကသိုလ် ဂွမ်းပုံတို့အားလုံး Effect တွေနဲ့ ပျော်ပျော်ပါးပါး စနောက်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကြည့်ရှုသူပရိသတ်တွေကလည်း ပါးစပ်မစေ့နိုင်အောင်ကို ရယ်မောခဲ့ကြတာဖြစ်ပြီး တကယ်ကိုပျော်စရာကောင်းတဲ့ Behind The Scene Live လေးပါပဲ။ အလုပ်ခဏနားချိန်မှာ ပျော်စရာအချိန်လေးတွေကဖန်တီးပြီး ပရိသတ်တွေကိုပါ ပျော်ရွှင်အောင် အူဝဲတစ်ယောက် လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မင်းသားမင်းသမီးတွေရဲ့ အပျော်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Eaindra Kz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။