ပရိသတ်တွေချစ်ခင်ရတဲ့ မင်းသွေးတစ်ယောက်ဟာ ဘောလုံကစားရင်းအမောဖောက်ပြီး ကွယ်လွန်သွားခဲ့ပြီး ပရိသတ်တွေရော အနပညာရှင်တွေပါ စိတ်မကောင်းဖြစ်နေကြပါတယ်။ ယနေ့ကတော့ နေတိုးရဲ့ ညီဖြစ်သူ မင်းသွေးရဲ့ ရက်လည်ဆွမ်းသွတ်တဲ့နေ့လေးဖြစ်ပြီး ရက်လည်ဆွမ်းသွတ်ကို မြခွာညို ဝါဝါ၀င်းအိမ်ယာရှိ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။  

မင်းသွေးနဲ့ဘောလုံးကစားရင်း ခင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်သူဘောလုံးအသင်းသားတွေက ပါချုပ်ဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဖူဆယ်ဘောလုံးကွင်းမှာ မင်းသွေးအတွက် ရေစက်ချတရားနာခဲ့ပါတယ်။ ကောင်းထက်ဇော်ကတော့" မင်းသွေး အတွက် ပါချုပ်ဆရာတော်ပင့် ၍ ဘောလုံးအသင်းသားများနှင့်အတူ ရေစက်ချ။မင်းသွေးနဲ့အတူ နတ်လူအပေါင်း သာဓုခေါ်စေ။ " ဆိုပြီး ပြောထားပါတယ်။  

မင်းသွေးအတွက် ရည်စူးပြီး အကိုဖြစ်သူနေတိုးကလဲ ဆရာတော်ကြီးတွေကို ပင့်ဖိတ်ကာဆွမ်းကပ်ခဲ့ပါတယ်။ ။ သူငယ်ချင်းဖြစ်သူဘောလုံးအသင်းသားတွေက ကွယ်လွန်သွားတဲ့ သူငယ်ချင်း မင်းသွေးအတွက်ရည်စူးပြီး ပါချုပ်ဆရာတော်ကြီးတွေကို ပင့်ဖိတ်ကာ ရေစက်ချတရားနာခဲ့ကြတဲ့ ဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE: Kaung Gyee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။