သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင် မင်းသွေး သေဆုံးမှုနဲ့ပတ်သတ်ပြီး ပရိသတ်တွေရော အနုပညာမောင်နှမတွေပါ ယူကြုံးမရ ဝမ်းနည်းကြေကွဲခဲ့ကြရတာပါ ။တချို့ အနုပညာရှင်တွေဆိုရင် မင်းသွေးသေဆုံးသွားတာကို ခုချိန်ထိ လက်မခံနိုင်ကြသေးဘဲ နှမြောတသဖြစ်ပြီး ခံစားနေကြရတုန်းပါဘဲ ။စိတ်ထားကောင်းပြီး လူတကာကို ကူညီတတ်တဲ့သူ ၊ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက် အဖြစ် အားလုံးက ချစ်ခင်ကြတဲ့ မင်းသွေးသေဆုံးမှုနဲ့ပတ်သတ်ပြီး မီဒီယာအချို့နဲ့ ပရိသတ် တွေကြောင့် နာရေးက စည်ကားခဲ့ပြီး မိသားစုဝင်တွေ ကောင်းမွန်စွာ မနှုတ်ဆက် လိုက် ရဘဲ သဂြိုလ်ခဲ့ရတာဖြစ်ပါတယ် ။

ပရိသတ်အချစ်တော်တစ်ယောက်အဖြစ် အနုပညာလောကမှာတင်မက ဂီတလောကမှာပါ တည်ရှိနေခဲ့တဲ့ မင်းသွေးရဲ့ အမှတ်တရ သီဆိုပြခဲ့တဲ့ သူရဲ့ သီချင်းဗီဒီယိုဖိုင်လေးတွေကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ကွယ်လွန်သွားခဲ့ပြီဖြစ်သော်လည်း ထွက်ရှိရန်ကျန်နေသေးတဲ့ ရုပ်ရှင်ဇာတ်ကားများစွာနှဲ့ သီချင်းတွေကိုတော့ ပရိသတ်တွေ အားပေးနေကြအုန်းမယ်ထင်ပါတယ်။လတ်တလောမှာလည်း သူကိုယ်တိုင် ဂီတာလေးတီးပြီးသီဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေး ထွက်ပေါ်လာတာတွေ့ရပါတယ်။

သူရဲ့ပရိသတ်တွေကလည်းဒီဗီဒီယိုလေးကြည့်ပြီးမင်းသွေးသက်ရှိထင်ရှားရှိနေသေးတယ်ထင်နေကြတာလည်းဖြစ်ပါတယ်။မင်းသွေးချစ်ပရိသတ်တွေအတွက် အတိတ်ကမင်းသွေးပုံရိပ်တွေသီချင်းဗီဒီယိုလေးတွေကတော့ မင်းသွေးတစ်ယောက် ပရိသတ်တွေရဲ့ ရင်ထဲမှာအမြဲရှိနေမှာအမှန်ပဲဖြစ်ပါတယ်။ပရိသတ်ကြီးတွက် မင်းသွေးရဲ့ သီချင်းဗီဒီယိုလေးကို အမှတ်တရ အဖြစ် စိတ်မကောင်းစွာနဲ့ပဲ မျှဝေပေးလိုက်ပါတယ်။

Source:we love min thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။