တက်သစ်စ မော်ဒယ်လ် တွေထဲကမှ အချိန်တိုလေးအတွင်းအောင်မြင်မှု ရရှိလာခဲ့သလို နာမည်ပျက်အရှူပ်အရှင်းကင်းပြီး အရမ်းကို ချစ်ဖို့ ကောင်းပြီး တည်ငြိမ်အေးချမ်းတဲ့ အလှပိုင်ရှင်လေး ဖြစ်ပါတယ်။ SAI Cosmetics ကြော်ငြာ မော်ဒယ်လ်တစ်ယောက် အနေနဲ့ စတင် မော်ဒယ်လ် တစ်ယောက်ဘဝကို စတင်ခဲ့ပြီးနောက်မှာ တော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ " သင်္ဂါရ" ဆိုတဲ့ သီချင်းလေးထဲက မိန်းမလှကျောင်းသူလေးအဖြစ် စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းလေးကနေ တဆင့် သရုပ်ဆောင်ခဲ့ရာကနေ ပိုလို့ အောင်မြင်မှု ရရှိကာ လူသိများလာခဲ့တဲ့ ပိုးမမှီသာကတော့ လက်ရှိမှာ ဖက်ရှင်လ်မော်ဒယ်လ်လေး တစ်ယောက်အဖြစ် ရှိူးရဲ့ လျှောက်လှမ်းတွေမှာ ပင်တိုင်မော်ဒယ်လ်တစ်ယောက်အဖြစ် လျှောက်လှမ်းနေသူလေးဖြစ်ပါတယ်။ လတ်တလော သူမရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာမင်းသမီးလေး တစ်ယောက်အဖြစ် မကြာခဏ မြင်တွေ့ နေရတာမို့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။

တစ်ချိန်မှာ အနာဂတ်ရဲ့ ဆရာဝန်မလေး တစ်ယောက်ဖြစ်လာဦးမဲ့ သူမကတော့ အနုပညာအလုပ်တွေမှာသမက ပညာရေးမှာပါ လိမ္မာရေးခြားရှိစွာ ကြိုးစားသူ မို့ တကယ့်ကို ချီးကျူးဖို့ ကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အောက်တိုဘာလ (8) ရက်နေ့မှာတော့ Wacoal Myanmar’s Exclusive ပွဲကို တက်ရောက်ခဲ့ပြီး အရမ်းကို လှပနေတဲ့ မဟူရာ ဝတ်စုံ အနက်ရောင်လေးနဲ့ လှပနေခဲ့ပါတယ်။သူမနဲ့ အတူတူ ပွဲကို တက်ရောက်ခဲ့ကြတဲ့ အလှနတ်မိမယ်လေးတွေ ဖြစ်ကြတဲ့ မေတိုးခိုင်၊ ပိုင်ဖြိုးသု ၊ နော်ဖော်အဲထား တို့နဲ့ တွေ့ဆုံခဲ့ရပြီး အပြုံးလေးတွေ ဝေဆာနေခဲ့ရတာမို့ ချစ်ဖို့ ကောင်းလွန်းလို့ ဖော်ပြလိုက်ရပါတယ်။

source: Poe Mamhe Thar; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။