အနုပညာလောကရဲ့ နာမည်ကြီး အနုပညာရှင်မိသားစုက ဖောက်ဖွားလာသူတစ်ဦးဖြစ်သလို ကိုယ်တိုင်ကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိထားတဲ့ ယွန်းဝတီလွင်မိုးကတော့ ယနေ့မှာ မွေးနေ့လက်ဆောင်လေးတစ်ခု ရရှိလိုက်တယ်လို့ သူမရဲ့ instagram ကတဆင့် သိရပါတယ်။ သူမရဲ့ မွေးနေ့အတွက် ဦးဦးဖျားဖျားလက်ဆောင်လေးကို မိခင်ဖြစ်သူက ပေးလိုက်တာဖြစ်ပြီး နာမည်ကြီး Brand အိတ် တစ်ခုဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

သူမရဲ့ instagram မှာတော့ မွေးနေ့လက်ဆောင် surprise ရလိုက်ကြောင်းနဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်ကြောင်းရေးသားထားပြီး "I Love You" ဆိုုပြီးတော့ပါ ရေးသားထားတာ တွေ့ရပါတယ်။ LOUIS VUITTON အိတ်လေးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ဒီ post လေးရဲ့ အောက်မှာတော့ ယွန်းဝတီလွင်မိုးကို ပရိသတ်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေအချို့က မွေးနေ့ဆုတောင်းစကား ဆိုထားတာတွေ့ရပါတယ်။ 

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုး ကျောင်းတစ်နှစ်နားထားတယ်လို့ သိရပြီး သားလေး Liam နဲ့အတူ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပါတယ်။ အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်ဖို့ အစီအစဉ်ရှိ မရှိ သေချာမသိရပေမဲ့ သူမရဲ့ ပရိသတ်တွေကတော့ ယနေ့ထိ သူမကို အားပေးနေပြီး သားလေး Liam ကိုလည်း ပရိသတ်တွေက ချစ်လို့နေကြပါတယ်။ ကဲ ပရိသတ်ကြီးလည်း ခေးရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားလေး ဆိုခဲ့ဦးနော်......

Photo Source : Yun Waddy Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။