သရုပ်ဆောင်မင်းသမီးချော မိုးယုစံကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားဦးလေးကြောင့်လည်း နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာ တွေ့ရပါတယ်။ပရိသတ်အချစ်တွေကို အခိုင်အမာ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ မင်းသမီးမိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူကလည်း ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်။

မိုးယုက အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များနဲအတူ ချစ်စရာကောင်းတဲ့ သားသားလေးရဲ့ ပုံလေးတွေကိုပါ ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။မိုးယုသားလေးဟာ လတ်တလောမှာလည်း ကျောင်းက ကစားဖော်ကောင်မလေးကို ကလေးသဘာ၀ ဆော့ကစားလိုက် အသည်းယားကာအတင်းလိုက်ဖက်နေတဲ့ ချစ်စရာဗီဒီယိုလေးကို မေမေမိုးယုက ဖော်ပြထားတာတွေ့ရပါတယ်။အတင်းမဖက်ရတော့ ငိုပြနေလိုက်တာ မိုးယုပြောသလိုတကယ်မနိုင်စိန်လေးပါပဲနော် ချစ်ဖို့ကောင်းလိုက်တာ Austin လေးရယ် မျက်စိရှေ့တင် ကြီးလာ လည်လာလိုက်တာ အရမ်းချစ်ဖို့ကောင်းတာအမှန်ပဲဖြစ်ပါတယ်။

မိုးယုကတော့ သားသားလေးရဲ့ ချစ်စရာ ဗီဒီယိုလေးတွေကို မကြာခဏ ဖော်ပြလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးကြတာလည်းတွေ့ရပါတယ်။မိုးယုတို့ မိသားစု လေးတွေက ကြည်နူးစရာကောင်တာကြောင့် ပရိသတ်တွေအားကျနှစ်သက်နေရတဲ့ မိသားစုလေးလည်းဖြစ်ပါတယ်။မိုးယု သားလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်တွေက ချစ်ခင် နှစ်သက်အားပေး ကြတာလည်းတွေ့ရပါတယ်။ကဲ....ချစ်ပရိသတ်ကြီးတွက် မိုးယု သားလေးရဲ့ ဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။