မြန်မာ့အနုပညာလောကမှာ နာမည်ကြီးမင်းသမီး၊ မင်းသမီးများစွာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဟာသသရုပ်ဆောင်တွေကတော့ အလွန်ရှားပါးတာကိုအားလုံးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ ဟာသသရုပ်ဆောင်တွေထဲမှာ ခင်လှိုင်ရဲ့ အနုပညာကိုတော့ အားလုံးလည်း လေးစားမိမယ်ထင်ပါတယ်။ ဖိုက်တင်၊ အခြောက်၊ အလွမ်းစတဲ့ အနုပညာပိုင်တွေကတော့ သူမတူအောင် သရုပ်ဆော်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မနေ့က ခင်လှိုင်ကတော့ သူ့ရဲ့အချစ်ဆုံးတစ်ခု ဆုံးရှုံးခဲ့ရတာကြောင့် ငိုကြွေးမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။  

မကြာသေးမီက ညီအကိုအရင်းသဖွယ်ချစ်ခင်ရတဲ့ သရုပ်ဆောင်မင်းသားချော မင်းသွေးရဲ့ သေဆုံးမှုကြောင့် အနုပညာလောကသားအားလုံး ဝမ်းနည်းငိုကြွေးခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ အနုပညာရှင်တွေထဲမှာခင်လှိုင်ကတော့ ထိပ်ဆုံးစာရင်းဝင်တစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ အဆိုပါ ငိုကြွေးမှုအဆုံးမသတ်ခင်မှာပဲ ခင်လှိုင်ကတော့ မိသားစုဝင်လိုချစ်ခင်ရသူတစ်ခုကို ဆုံးရှုံးခဲ့ရပြန်တာတွေ့ရပါတယ်။ အဆိုပါ မိသားစုဝင်လေးကတော့ ခင်လှိုင်ရဲ့အချစ်တော် ဘော်ဘော်(မျောက်လေး)လေးပဲဖြစ်ပြီး မနေ့က သေဆုံးမှုကြောင့် ဝမ်းနည်းငိုကြွေးခဲ့ရတာတွေ့ရပါတယ်။  

အဆိုပါ အချစ်တော်လေးသေဆုံးမှုနဲ့ပတ်သက်ပြီးခင်လှိုင်ကတော့"ဒီလထဲမှာ ငါငိုရတာတွေများနေပြီ ခုညလဲ

ငါ့ကို ဘော်ဘော်

ငါ့ကို ငိုခိုင်းပြန်ပြီ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေ ဆုံးရှုံးမှုရဲ့ နာကြည်ချင်းကိုတော့ တိရစ္ဆာန်ချစ်သူတွေအားလုံး သိကြမှာအမှန်ပဲဖြစ်ပါတယ်။ ချစ်ခင်ရသူတွေဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းပူဆွေးနေရတဲ့ ခင်လှိုင်ရဲ့ ဝေဒနာကိုအားလုံးနားလည်စာနာမိမယ်ထင်ပါတယ်။ ဒီလက ငိုချင်းတွေဆက်တိုက်ပေးနေမှာလားလို့တောင်မေးခဲ့ရတဲ့ ခင်လှိုင်ရဲ့ ဝမ်းနည်းခြင်းတွေကို ပရိသတ်ကြီးလည်း ဖြေသိမ့်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။

pHOTOS - KHIN HLAING

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။