ပရိသတ်တွေရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ Myanmar Idol Season 3 ရဲ့ အဖွဲ့ဝင်တွေကတော့ ပြိုင်ပွဲပြီးစီးသွားကတည်း အနုပညာလမ်းကြောင်းမှာ ကိုယ်စီလျှောက်လှမ်းနေကြတာကို အားလုံးအသိပါပဲနော်..။

အနုပညာအလုပ်တွေနဲ့ မအားလပ်အောင်ရှိနေကြတဲ့ သူတို့ကတော့ အခုတစ်ခါမှာလည်း ရှိုးပွဲတွေ ဆက်တိုက်သီဆိုဖျော်ဖြေနေကြသလို သီချင်းအသစ်လေးတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်..။

မြန်မာအိုင်ဒေါရဲ့ အဖွဲ့ဝင်သုံးယောက်ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ကြီးနဲ့ ငွေဇင်လှိုင်းတို့ သူငယ်ချင်းသုံးယောက်ကတော့ သနပ်းခါးလေးတွေ ကိုယ်စီအဖွေးသားလိမ်းပြီး ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပါပြန်ပါပြီ..။

အချစ်လေးသုံးယောက်ကတော့ ဖျော်ဖြေရေးခရီးစဉ်နဲ့ ရွှေဘိုကို ရောက်ရှိနေကြပြီး သနပ်ခါးပါးကွက်ကြားလေးတွေလိမ်းကာ လျှောက်လည်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း ငွေဇင်လှိုင်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

အမှတ်တရဓာတ်ဖမ်းထားတဲ့ ဓာတ်ပုံလေေးတွနဲ့အတူ “ဟီးးး ရွှေဘိုသနပ်ခါးတုံးများးရန်ကုန်လိမ်းးဖို့ယူ.. လိမ်းထားတာလှချက် ကွကိုပြန်ကြွေ..” ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

သူမရဲ့အဲ့ဒီပို့စ်အောက်မှာ ပရိသတ်တွေကလည်း သနပ်ခါးလေးတွေ ချစ်စရာကောင်းနေကြတဲ့ သူမတို့သုံးယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း သဘောကျနေကြပြီး အချစ်ပိုနေရတဲ့အကြောင်းလေးတွေကို Comment လေးတွေမှာ ရေးသားထားကြတာ တွေ့ရပါတယ်…။

Photo - ငွေဇင်လှိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။