သံစဉ်များနဲ့ ကမ္ဘာ သီချင်း ဆိုပြိုင်ပွဲ အစီအစဉ်ကနေ ပထမဆုရရှိခဲ့တဲ့ နီနီခင်ဇော် ဟာ ပြိုင်ပွဲမှာ အကောင်းဆုံးနဲ့ performace အပြည့် သီဆို နိုင်ခဲ့တာမို့ပရိသတ်တွေရဲ့ အခိုင်အမာ ပရိသတ်တွေရရှိခဲ့ပြီး သူမရဲ့ ပထမဆုံး သီချင်း Album ဖြစ်တဲ့"မာရီယို " ကနေ စတင်လို့ နီနီ ဟာ အောင်မြင်မှု အဆက်ဆက်ရရှိခဲ့ပါတယ်။ ဒုတိယ သီချင်းAlbum ဖြစ်တဲ့ " Super Red" အယ်လ်ဘမ်ဟာလည်း ထပ်မံ အောင်မြင်မှု ရှရိခဲ့ပါတယ်။

သူမရဲ့ ဒုတိယ သီချင်း အယ်ဘမ် နဲ့ အတူ သူမရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် Band ဖြစ်တဲ့ Super Red Cosmetics ကို ပါ ထုတ်လုပ်ခဲ့ပြီးအစဉ်တဆက် ဆက်လက်အောင်မြင်မှု ရရှိခဲ့ပါတယ်။Super Red Cosmetics ရဲ့ ပထမဆုံး ထုတ်ကုန်အနေနဲ့ Super Red နုတ်ခမ်းနီ (Matte type) အမျိုးအစားကို စတင် ထုတ်လုပ်ခဲ့ပြီး နောက်ပိုငး မှာ ဒုတိယထုတ်ကုန်အနေနဲ့ Floral Series နုတ်ခမ်းနီ၊ မျက်နာချေ Cushion ၊ Handmade မျက်တောင်တု လေးတွေနဲ့ အတူ နောက်ဆုံး ထွက်ရှိထားတဲ့ ထုတ်ကုန်လေးကတော့ ပါးနီလေးတွေ ဖြစ်ပြီး နီနီရဲ့ ညီအစ်မရင်းလေးလို ချစ်ခင်ရတဲ့ (၄) နှစ်သမီးသာ ရှိသေးတဲ့ ကြော်ငြာမင်းသမီးလေး ထိပ်ထားသခင်နဲ့ တူ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။

အသစ်သစ်သော Cosmeticsထုတ်ကုန်လေးတွေ နဲ့ အတူ လှပတဲ့ ထုတ်ပိုးလေးတွေနဲ့ အတူ ဘူးရဲ့ ဒီဇိုင်းလေးတွေကိုပါ မြန်မာမှု မပျက်အောင် ဖန်တီထားတာမို့ အရမ်းကို စိတ်ကူးကောင်းတဲ့ ဖန်တီးမှုလေးတွေ ဖြစ်ပါတယ်။ သူမအနေနဲ့ ကိုယ်ပိုင်တံဆိပ်လေးဖြစ်တဲ့ Super Red Cosmetics ကို အကောင်းဆုံး ကြိုးစားခဲ့သလို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကြောင့် ယနေ့တိုင် အောင်မြင်တဲ့ စီးပွားရေးလေးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာမို့ Super Red ရဲ့ ရပ်တည်မှုလေးဟာ အောက်တိုဘာ(8) ရက်နေ့မှာ (၂) နှစ် ပြည့် ခဲ့ပြီဖြစ်ပါတယ်။

source:Super Red Cosmetics & Ni Ni Khin Zaw ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။