အခွန်ဆောင်သူအနုပညာရှင်စာရင်းတွင် ပါဝင်လာခြင်းမရှိတဲ့ ထိပ်တန်းအနုပညာရှင်နှစ်ဦး

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ အခွန်ဆောင် အနုပညာရှင်များစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၆ ၂၁၀၇ ဘဏ္ဍာနှစ်တွင် အခွန်ထမ်းဆောင်သည့် ထိပ်တန်းအနုပညာရှင်စာရင်းတွင် ပြေတီဦး နေတိုး ခန့်စည်သူ နှင့် ဖွေးဖွေးတို့က ထိပ်ဆုံးမှ ပါဝင်ခဲ့ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့် အခွန်ဆောင် အနုပညာရှင်စာရင်းတွင် ပါဝင်လာခြင်း မရှိသည့် ထိပ်တန်းအနုပညာရှင်များစွာ ရှိနေသည့် ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးလူမင်း နှင့် ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။

အခွန်ထမ်းဆောင်သော အနုပညာရှင် ၁၉ ဦး စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ကျပ် ၁ သိန်းမှ ကျပ် သိန်း ၅၀ အထိ အခွန်ထမ်းဆောင် သူများကို ဖော်ပြထားခဲ့သည်။ အခွန်ထမ်းဆောင်မှု အများဆုံး အနုပညာရှင် ပြေတီဦးက " အရင်နှစ်ကဆို တစ်နှစ်ကို သိန်း ၈၀ သိန်း ၇၀ နီးပါးဆောင်ရတယ်။ ဒီနှစ်လည်း အဲ့ဒီလောက်ပဲ ဖြစ်လိမ့်မယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

ထို့ပြင် အခွန်မဆောင်ရသေးသော အနုပညာရှင်များအား သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနများ၌ အခွန်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Source: Akone thi

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။