အမျိုးသမီးရော အမျိုးသားရောအသက်ရွယ်အရ အသားရည်ကိုဂရုစိုက်သင့်တဲ့အချိန်မှာ ဂရုစိုက်ရပါမယ်။ အဓိက အမျိုးသမီးတွေမှာ အသက်သုံးဆယ်ကျော်လာရင် မျက်အိပ်လေးတွေ ဖောင်လာတတ်ကြပါတယ်။ ဒါကြောင့် မိတ်ကပ်ပညာရှင်တွေကရော အရေပြားပညာရှင်တွေကပါ eye cream ကို အသက် ၂၆-၂၇ ကနေ စလိမ်းရင် အဆင်ပြေမယ်လို့ပြောထားကြပါတယ်။ခုခေတ်က အလှပရေးရာကို ဂရုစိုက်ကြတဲ့ အတွက် eye cream ဟာလည်း လိမ်းကိုလိမ်းသင့်တဲ့ cream တစ်ခုအဖြစ်ရပ်တည်နေပါတော့တယ်။ 

ဒီ eye cream ကိုလိမ်းထားခြင်းဖြင့် မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ကွင်းညုှိခြင်း၊ မျက်လုံးတစ်ဝိုက်အရေး ကြောင်းတွေကို သက်သာစေပြီး ထပ်မှန်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တစ်ချို့ကတော့ eye cream ကိုညအိပ်ရာဝင်ခါနီ လိမ်းပြီးအိပ်တတ်ကြပါတယ်။ လိမ်းရင်လည်း မျက်ဝန်းတစ်ဝိုက် အသာယာလေး လိမ်းပေးပါ။ ဒီလိုမျိုးမှန်မှန်လိမ်းပေးရင် ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်လာမှာဖြစ် ပါတယ်။ 

ဝယ်ယူတဲ့အခါလည်း အစိုဓာတ်နဲ့ collagen ပါဝင်ထားတဲ့ eye cream ကိုရွေးဝယ်ယူဖို့လိုပါလိမ့်မယ်။မျက်လုံး တစ်ဝိုက်လုံးလိမ်းပေးရပါမယ်။ဒါကြောင့် အရေးကြောင်းတွေနဲ့ မျက်လုံးအောက်ဖောင်းအစ်နေတာ တွေပျောက် ကင်းဖို့ eye cream ကိုလိမ်းကြစို့နော်။ လှပပြီးပျော်ရွင်ကြပါစေ။

source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။