လူတိုင်​းဟာ မာ့ခ်​ဇူကာဘတ်​လို အသက်​၂၃နှစ်​အရွယ်​မှာ ဘီလီယံနာဖြစ်​ဖို့ အခွင်​့အ​လမ်​းအမြဲရှိ​နေမှာ မဟုတ်​ပါဘူး။

ဒါ​ပေမယ်​့လဲ မာ့ခ်​ဟာ ကမ္ဘာမှာ အသက်​အငယ်​ဆုံး ဘီလီယံနာတစ်​​ယောက်​​​တွေထဲက​တစ်​​ယောက်​ဖြစ်​နေပြီး သူဟာ အမြဲမီးခို​ရောင်​အကျႌတစ်​ထည်​တည်​းကိုသာဝတ်​ဆင်​​လေ့ရှိပါတယ်​။

အသက်​ ၃၁နှစ်​အရွယ်​ မာ့ခ်​ဟာ လူထုနဲ့​တွေ့ဆုံတဲ့ အင်​တာဗျူးပွဲတစ်​ခုမှာ လူတစ်​​ယောက်​က ​ဘာလို့ အဝတ်​အစားတစ်​မျိုးတည်​းဝတ်​​နေရတာလဲဆိုတဲ့ အ​မေးအ​ပေါ် ရိုးရိုး​လေး​ဖြေကြားသွားခဲ့ပါတယ်​။

သူဟာ ဘဝမှာ သိပ်​အ​ရေးမပါတဲ့ဆုံးဖြတ်​ချက်​​တွေကို တတ်​နိုင်​သမျှအာရုံမထားပဲ အ​ရေးကြီးတဲ့သူ့အလုပ်​ဆိုင်​ရာဆုံးဖြတ်​ချက်​​တွေကိုပိုပြီးထိ​ရောက်​စွာ ချမှတ်ချ​င်​တယ်​လို့​ပြောပါတယ်​။ ​နေ့တိုင်​းမနက်​အိပ်​ရာနိုးတိုင်​းမှာ သူဟာ Facebookအသုံးပြုသူကွန်​ယက်​ကြီးရဲ့တာဝန် ​​​​​ရှိသူတစ်​ဦးလို့ခံစားရပြီး အဲအတွက်​သူသိပ်​​ကံ​ကောင်​းတယ်​လို့မြင်​မိပါတယ်​လို့​ဖြေကြားခဲ့ပါတယ်​။ အဝတ်​အစားတစ်​မျိုးတည်​းဝတ်​ဆင်​ရတာ ပိုပြီးစိတ်​ရှင်​းပြီး အလုပ်​မှာ အာရုံပိုစိုက်​နိုင်​​စေတယ်​လို့​ပြောကြားခဲ့ပါတယ်​။

လက်​ရှိမှာ မာ့ခ်​ဟာ ​ဒေါ်လာ ၅၅သန်​းတန်​ဖိုးရှိ စီးပွား​ရေးလုပ်​ငန်​းရှင်​တစ်​ဦးအ​နေနဲ့ရပ်​တည်​​နေပါတယ်​။

Source: independent.co.uk

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။