အာဆင်​နယ်​နည်​းပြ အာဆင်​ဝင်​းဂါးမှ တရုတ်​စူပါလိဂ်​ကလပ်​ တစ်​ခုရဲ့ လစာ​ငွေတစ်​နှစ်​​ပေါင်​သန်​း 30 ထိ​ပေး၍ လာ​ရောက်​နည်​းပြ​ပေးဖို့ ကမ်​းလှမ်​းမှုအား ငြင်​းပယ်​လိုက်​​ကြောင်​း သိရပါတယ်​။

အာဆင်​နယ်​အသင်​းရဲ့ ယခုရာသီ ရလဒ်​ဆိုးများ​ကြောင်​့ ​ဝေဖန်​ခံ​နေရသူ အာဆင်​ဝင်​းဂါးဟာ အာဆင်​နယ်​၌ အနာဂတ်​မ​ရေမရာဖြစ်​​နေသူဖြစ်​ပြီး ရာသီကုန်​၌ စာချုပ်​သက်​တမ်​းကုန်​မည်​ ဖြစ်​ပါတယ်​။

အနာဂတ်​အား မဆုံးဖြတ်​ရ​သေးသည်​့ အာဆင်​ဝင်​းဂါးဟာ ​နောက်​ထပ်​ ​လေးရာသီခန်​့ထိ နည်​းပြ​လောကတွင်​ ရှိ​နေမည်​ဟု အတည်​ပြုထားသူဖြစ်​ပြီး တရုတ်​ကလပ်​​တွေကို​တော့ ​ပြောင်​း​ရွှေ ့ဖို့ မရှိ​ကြောင်​း ခန်​့မှန်​းရပါတယ်​။

#Conia(တမူး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။