ခြေချုပ်ခြင်း (မြန်မာ အခေါ် "ခြေသေးမ") ဆိုသည်မှာ မိန်းမပျို တို့ ၏ ခြေထောက်များကို ကြီးထွားလာခြင်း မရှိစေရန် အဝတ် (သို့မဟုတ်) ဖိနပ်ဖြင့် ထုပ်စည်း ထားသော တရုတ်ရိုးရာ အလေ့ အထ ဖြစ်သည်။

ခန့်မှန်းချေ ၁၀ ရာစုနှင့် ၁၁ ရာစု ဝန်းကျင်ခန့် က တရုတ် အင်ပါယာ အတွင်း ရှိ အထက်တန်း မိန်းမပျိုတို့ အကြား တွင် အလွန် ရေပန်းစားခဲ့ သည်။

[ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်]

"အခြားသော နေ့တဓူဝ လှုပ်ရှား ရုန်းကန်ရသော မိန်းမပျို များ ကဲ့သို့ မဟုတ်။ လူကုံထံအသိုင်းအဝိုင်းမှ မွေးဖွား လာသော အလုပ် လုပ်ရန် မလို၊ လှုပ်ရှားရုန်းကန် စရာ မလိုသော မိန်းကလေး ဖြစ်သည်" ဟူသော ဂုဏ်ပုဒ်ကို ဖော်ပြခြင်းသာ ဖြစ်သည်။

၁၆၆၄ ခုနှစ် မန်ချူး အင်ပါယာ လက်ထက်တွင် ခြေချုပ်ခြင်း အလေ့အထ ကို တားမြစ် ပိတ်ပင်ခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ ၁၉ ရာစု နှောင်းပိုင်း တွင်မှ တရုတ်တော်လှန်ရေး အသင်း အဖွဲ့တို့က အလေ့အကျင့်ကို ပြောင်းလဲ ယူနိုင်ခဲ့သည်။ သို့သော် အကုန်အစင် မပပျောက်သေး။

၂၀ ရာစု အစပိုင်းရောက်မှသာ anti- foot binding လှုပ်ရှားမှု အသင်း အဖွဲ့တို့၏ ကြိုးပမ်းမှုကြောင့် တစ်စထက် တစ်စ ပပျောက် သွားခဲ့သည်။

ယနေ့ခေတ်အထိ ခြေချုပ်ခံထား ခဲ့ရဖူးသော တရုတ် အဖွားအို တို့ ရှိသေးသည် ဖြစ်ပြီး လေ့လာ သိရှိသည်မှာ ခြေချုပ်ခဲ့ခြင်း တို့ကြောင့် ခြေထောက်မသန်စွမ်း ကြသူများဖြစ်ကြသည်သာ များသည်။

----------

Credit to မှတ်စုကြမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။