အနုပညာလောကမှအနားယူသွားပြီဖြစ်သော်လည်း လက်ရှိအထိပရိသတ်အခိုင်အမာရှိနေသေးတဲ့ အကယ်ဒမီရမင်းသမီးချော ချောရတနာကိုတော့အားလုံးချစ်မယ်ထင်ပါတယ်။ လက်ရှိ ချစ်စရာသားနှင့် သမီးချောလေးတွေကို မွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်နေသူတစ်ယောက်ဖြစ်တာကိုလည်း အားလုံးသိမှာပါ။  

လေးစားအားကျရတဲ့ အနုပညာမိသားစုတွေထဲမှာ ချောရတနာတို့မိသားစုလည်း တစ်စုအပါအဝင်ပဲဖြစ်ပါတယ်။ သားနဲ့ သမီးရဲ့ အပြုံးတွေကို နေ့စဉ်ဖန်တီးပေးလျှက်ရှိပြီး ပျော်ရွှင်မှုတွေနဲ့ ဆက်လက်ရှင်သန်နေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ဒီကနေ့ ပရိသတ်အချစ်တော်ချောရတနာကတော့ သမီးဖြစ်သူအတွက် သူမစိတ်တိုင်းကျဖန်တီးအလှဆင်ပေးခဲ့ပြီး ချစ်စရာပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေနဲ့ပတ်သက်ပြီး ချောရတနာကတော့ "သမီးလေးအတွက်မှာထားတဲ့အင်္ကျီလေးတွေရောက်တော့ခေးမေပျော်တာ အသားလေးလည်းကောင်း ချစ်စရာလည်း အရမ်းကောင်းတော့ သမီး လေးကိုချက်ချင်းဝတ်ပေးပြီး ဓာတ်ပုံရိုက်ပလိုက်တယ်ကွယ် " ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ချစ်စရာ ချောရတာသမီးချောလေးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။