မန်ကျည်းသီးမှည့်ဟာ ကျန်းမာရေးအတွက်ရော အလှပရေးရာအတွက်ပါ အသုံးဝင်လှပါတယ်။မန်ကျည်းသီးကို ဖျော်ရည်အနေနဲ့ သောက်လည်းရသလို ဟင်းချက်စားခြင်း၊ အသားအရည်တွေအတွက်လည်း အသုံးတည့်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်လက်ဆိုလည်း မမှားပါဘူး။မန်ကျည်းသီးဖျော်ရည်ကို သောက်ပေးရင် ဝမ်းမီးကို ကောင်းစေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ကျန်းမာစေတေယ်။

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အပူတွေကိုငြိမ်းစေပြီး အပူကြောင့်ဖြစ်တဲ့ ဝက်ခြံ ဝမ်းချုပ် စတာတွေကို ပျေက်ကင်းစေ မှာဖြစ်ပါတယ်။ပြီးတော့ မန်ကျည်းသီးမှည့်နဲ့ မျက်နှာအသားရည်အတွက် ပေါင်းတင်ပေးလို့လည်း ရပါတယ်။ ဒီ လိုမန်ကျည်းသီးမှည့်နဲ့ ပေါင်းတင်ပေးရင် ခြောက်သွေ့တဲ့အတွက် အသားအရေပျက်စီးခြင်း ကိုကောင်းမွန်စေ ပါတယ်။မန်ကျည်းသီးကိုပျစ်အောင်ဖျော် ရေနွေး နနွင်း လက်ဖက်ဇွန်း တစ်ဝက်လောက် ကိုရောထည့် ပြီးရင် မျက်နှာတစ်ဝိုက်ကို နှံစပ်အောင်လိမ်းပေး မျက်နှာတစ်ခုလုံးခြောက်သွေ့နေတယ်ဆိုရင်တော့ မျက်နှာတစ်ပြင် လုံးလိမ်းပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လုပ်ပေးပါ။

မျက်နှာပေါ်က အရေးကြောင်းတွေကိုတော့ မန်ကျည်းသီးမှည့် ပျားရည် ရောပြီး မျက်နှာပေါ်လိမ်းပေးပါ။ တစ်ပတ်ကို (၃)ကြိမ်လုပ်ပေးပါ။အရေးကြောင်းတွေ ပျေက်သွားပါလိမ်းမယ်။ကဲဒီလောက်ဆိုရင် အလှပအတွက် အသုံးဝင်လှတဲ့ မန်ကျည်းသီးမှည့်အကြောင်းကို နည်းနည်းလေးသိကြပြီမဟုတ်လား။ နောက်ထပ်လည်း မန်ကျည်းသီးမှည့်ရဲ့အသုံးဝင်ပုံတွေကို တင်ပြပေးမှာဖြစ်ပါတယ်နော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။