ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Mekong -Japan Summit Ceremony အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်အတွင်းရေးမှူးများနှင့် ယူ၁၇ အသင်းခေါင်းဆောင်များအား ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါတယ်။ 

မဲခေါင် ဒေသတွင်းနိုင်ငံများ ဘောလုံးလောက ပိုမို ဖွံ့ဖြိုးရေး အတွက် ယနေ့မနက် (၈း၀၀)နာရီတွင်လည်း တိုကျိုမြို့တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဂျပန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးများ အတူတကွ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ 

အခမ်းအနား အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (H.E Shinzō Abe)နှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များဟာ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ ယူ၁၇ အသင်းခေါင်းဆောင် နောင်နောင်စိုးနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကာ လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။