သရုပ်ဆောင်ပီပြင်မှုတွေအပြင် အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှနဲ့ အပြုံးချိုချိုလေးတွေပါတဲ့ ပါးချိုင့်လေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေနဲ့ စိတ်ဝိညာဉ်တွေကို အမြဲဖမ်းထားတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောလေးကတော့ အားလုံးရဲ့အချစ်တော် အေးမြတ်သူပဲ ဖြစ်ပါတယ်..။

အမြဲတတ်ကြွလန်းဆန်းနေတဲ့ သူမကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က မိသားစုနဲ့အတူ ဘုရားသွားရင်း ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

သူမရဲ့အစ်ကိုဖြစ်သူရဲ့မွေးနေ့လေးမှာ မိသားစုလိုက် စုံစုံညီညီဘုရားသွားရင်း ကုသိုလ်ယူခဲ့တဲ့ ပျော်ရွှင်ရယ်မောနေတဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ပြန်လည်မျှဝေထားတာမို့ တကယ့်ကို ကြည်နူးအားကျစရာ မိသားစုလေးဆိုတာ အသေအချာပါပဲနော်..။

မိသားစုတွေ စုံစုံညီညီနဲ့ ဘုရားဖူးရင်း အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း “မနေ့ည က ကိုကြီးမွေးနေ့ မိသားစု ဘုရားသွား....

မိသားစုစုံစုံညီညီ ဘုရားဖူးသည်.....” ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

“စကားမစပ် --- ည က ဘုရားပေါ်မှာ ဓာတ်ပုံတူတူရိုက်သွားတဲ့

ချစ်ရတဲ့ဆွေမျိုးများ ဒီပိုစ့်လေး ရဲ့ cm မှာ ပုံလေးတွေလာပြကြပါဦးနော်...ကြည့်ချင်လို့ပါရှင့်..” ဆိုပြီးတော့လည်း ရေးသားထားသေးတာမို့ ချစ်ရတဲ့ပရိသတ်တွေကလည်း Comment လေးတွေမှာ ဓာတ်ပုံလေးတွေကို ပြန်Share ထားကြသေးတာလည်း တွေ့ရပါတယ်..။

မင်းသမီးချော အေးမြတ်သူကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို ချစ်ရတဲ့ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိသလို လတ်တလောမှာလည်း အနုပညာအလုပ်တော့လည်း ဆက်တိုက်လုပ်ဆောင်နေသူလေးပါပဲ..။

Photo - အေးမြတ်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။