SuzukiCup2018ပြိုင်ပွဲဝင်မယ့်မြန်မာအသင်းကတော့ဒီပြိုင်ပွဲမှာအောင်မြင်မှုရရှိဖို့အတွက်

အစွမ်းကုန်ကြိုးစားပြင်ဆင်နေတာဖြစ်ပါတယ်။အာစီယံအင်အားကြီးအသင်းတွေအသင်းတွေနဲ့

တူတူယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်အင်အားကြီးအသင်းတွေနဲ့ခြေစမ်းပွဲကစားဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

ဒီနေ့ညနေ၆နာရီမှာတော့မြန်မာလက်ရွေးစင်အသင်းဟာအင်ဒိုနီးရှားအသင်းနဲ့အင်ဒိုနီးရှားနိုင်ငံမှာ

ခြေစမ်းမှာဖြစ်ပါတယ်။အင်ဒိုနီးရှားအသင်းဟာအာစီယံထိပ်သီးအသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။

အင်ဒိုနီးရှားအသင်းဟာလည်းဆူဇူကီးပြိုင်ပွဲအတွက်ပြင်ဆင်နေတာဖြစ်ပြီးမြန်မာအသင်းနဲ့

ယှဉ်ပြိုင်ရတာဟာအတွေ့ကြုံကောင်းတစ်ခုဖြစ်တယ်လို့ပြောထားပါသေးတယ်။

သတင်းစာရှင်းလင်းပွဲတုန်းကလည်းနည်းပြကြီးကမြန်မာအသင်းဟာအင်ဒိုနီးရှားအသင်းထက်

မနိမ့်ကျကြောင်းယူ၂၀ကမ္ဘာဖလားဝင်ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ကြောင်းအသင်းကောင်း

တစ်သင်းဖြစ်ကြောင်းပြောထားတာဖြစ်ပါတယ်။မြန်မာအသင်းကအင်ဒိုနီးရှားအသင်းနဲ့ပြီးတာနဲ့13.10.2018 ည၆နာရီမှာကမ္ဘာအဆင့်၅၄ရှိဘိုလီဗီးယားအသင်းနဲ့ခြေစမ်းမှာဖြစ်ပါတယ်။အောင်သူမပါတဲ့

မြန်မာအသင်းဒီနေ့အင်ဒိုနီးရှားအသင်းကိုဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ည၆နာရီမှာစောင့်မျှော်အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။