မန်ချက်စတာယူနိုက်တက်အသင်းက အမှန်တကယ်ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့ကစားဖို့ ရှိတယ်လို့ ဆွီဒင်အသင်းခေါင်းဆောင် ဂရန်းဗစ်က ပြောကြားလိုက်ပါတယ်။မန်ယူအသင်းဟာ နောက်ခံဗဟိုနေရာမှာ အဲရစ်ဘိုင်ယီ၊ စမော်လင်း၊ လင်ဒီလော့ဗ် စတဲ့ ကစာသမားတွေနဲ့ အဆင်မပြေဖြစ်နေတာကြောင့် အရန်သင့်အသုံးပြုနိုင်မယ့် နောက်ခံလူတဦးကို ရှာဖွေနေတယ်လို့ သိရပါတယ်။ 

မန်ယူကတော့ ဂရန်းဗစ်ကိုခေါ်ယူပြီး သူတို့ရဲ့နောက်တန်းပြသနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ မိမိကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာကို သိခဲ့ရတာဟာ အောင်မြင်မှုတခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင်တော့ ကလပ်အသင်းနဲ့ တိုင်ပင်ပြီး ပြောင်းရွှေ့သွားမယ်လို့ ဂရန်းဗစ်က ဆိုပါတယ်။ 

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဂရန်းဗစ်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဆွီဒင်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့ပါတယ်။ဂရန်းဗစ်ဟာ အခုနှစ်ရာသီမှာတော့ ရုရှားကလပ် ခရန်နော်ဒါအသင်းကနေ ဆွီဒင်ကလပ် ဟယ်ဆင်ဘော့အသင်းမှာ ပြောင်းရွှေ့ကစားနေပါတယ်။

SOURCE; DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။