လက်ရှိလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ တူရကီနိုင်ငံက Tv နဲ့ Social media star တစ်ဦးဖြစ်တဲ့ Naz Mila ရဲ့ တက်တူးအသစ်ဟာ လူစိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။

သူမကတော့အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သလို Instagram မှာဆိုရင်လည်း Followers 850000 ကျော်လောက်ရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

Naz Mila ယခုတက်တူးကို သူမရဲ့ ညာဘက် နံစောင်းနားလောက်ကနေ စာတန်းရှည်တစ်ခုရေးဆွဲပြီး ထိုးခဲ့တာပဲဖြစ်ပါတယ်။

သူမတက်တူးထိုးထားတဲ့နေရာလေးဟာဆိုရင်လည်း အခြားနေရာတွေထက် ထိုးတဲ့အချိန်မှာ နာကျင်မှုပိုခံစားရတဲ့အတွက် သူမလိုနေရာမှာထိုးကျတဲ့ မိန်းကလေးတွေကတော့ အနည်းငယ်ပဲရှိကြပါတယ်။  

သူမရေးထိုးခဲ့တဲ့ စာတန်းကတော့ 'I can judge a single god with my wrongs and wrongs.' ဆိုတဲ့စာတန်းလေးပဲဖြစ်ပါတယ်။

ထိုစားသားလေးကတော့ တကယ့်ကို အဓိပ္ပါယ်တွေများစွာရှိနေသလို သူမရဲ့အခုလို တက်တူးစားတန်းလေးကိုလည်း သဘောကျနှစ်သက်သူတွေများစွာရှိနေတာပဲဖြစ်ပါတယ်။

သူမရေးထိုးထားတဲ့ စာတန်းလေးဟာဆိုရင်လည်း ယခုလူ့ဘ၀မှာ သူအမှားတွေကြိုက်သလောက်လုပ်မယ် ဘယ်သူ့မှဂရုစိုက်ဘူး ၊ သူလုပ်တဲ့ အမှားတွေကိုလည်း ဘုရားသခင်ထံမှာပဲ အဆုံးအဖြတ်ခံမယ်ဆိုတဲ့ အဓိပ္ပါယ်လေးတွေသက်ရောက်နေတာကြောင့် လူအများအတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

source _ Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။