ကြံသည်အာဟာရဓာတ်ကြွယ်ဝခြင်း၊ အရည်ဓာတ် များပြားပြီး ချိုခြင်းများကြောင့် လူအများ ကြိုက်နှစ်သက် ကြပါသည်။

ရာသီဥတုပူပြင်းလာသည်နှင့်အတူ ကြံများသည်လည်း အလွယ်တကူ မှိုတက်လာတတ်ပြီး မှိုတက်နေသော ကြံသည် အနီရောင်အဖြစ်သို့ပြောင်းလဲသွားတတ်သည်။

မှိုတက်နေသောကြံသည် 3-Nitro Propionic acid အဖြစ် ပြောင်းလဲသွားပြီး အဆိုပါအက်ဆစ် ဓာတ်သည် အာရုံကြောအဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါသည်။

အဆိပ်ပြင်းအား (၀.၅) ဂရမ် အောက်သည်ပင်လျှင် လူတစ်ဦးအား အဆိပ်သင့် လက္ခဏာကို ဖြစ်ပေါ်စေနိုင် ပါသည်။ အဆိပ်သင့်မှု မပြင်းထန်ပါက အစာခြေ အူလမ်းကြောင်းတွင် တစ်နာရီခန့် ပုံမှန်မဟုတ် ကမောက်ကမ ဖြစ်ခြင်းများ ဖြစ်ပွားတတ်ပြီး အဆိပ် ပြင်းထန်ပါက အော့အန်မှုဖြစ်ခြင်း၊ ကြွက်တက်ခြင်းများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် အသက်ရှုကျပ်ပြီး သေဆုံးသည်အထိ ဖြစ်ပွား နိုင်ပါသည်။

ကံကောင်း၍ အသက်ရှင်လာခဲ့ပါကလည်း ပြင်းထန် အဆိပ်ကြောင့် အာရုံကြောဆိုင်ရာ နောက် ဆက်တွဲ ရောဂါများ ကျန်ရှိတတ်ပါသည်။ ထို့ကြောင့် 'ဧပြီလထွက် ကြံသည် မြွေဆိပ်ထက်ပင် ပို၍ကြောက်ဖို့ ကောင်းပါသည်။

ကြံများဝယ်ယူရာတွင် ကြံ၏ အလယ်ဗဟိုအတွင်းနှင့် အခွံများကို ဂရုစိုက်ကြည့်၍ ဝယ်ရမည်ဖြစ်ပြီး အကယ်၍ အတွင်းဗဟိုသည် အနီရောင် သို့မဟုတ် အစိမ်းရင့်ရောင်၊ နီဝါရောင် အစက် များ ဖြစ်ပေါ်နေလျှင် အရသာ ပြောင်းလဲနေပြီ ဖြစ်ပြီး စားသုံး၍မရတော့ပါ။

လမ်းပေါ်တွင်ရောင်းသော ကြံရည်များကို သတိဖြင့် ဂရုတစိုက် ၀ယ်ယူသောက်သုံးရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကြံရည်တွင် အနီစက်ပါသော မှိုတက်ကြံများ ဟုတ်မဟုတ် အတိအကျမပြောနိုင်ပါ။ ကြံရည်ကို တတ်နိုင်သမျှ လျှော့သောက်ကြရန်သာ အကြံပြု လိုပါသည်။

credit by>> Zin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။