လောင်းလုံးမြို့နယ် တရားရုံးက ဘီလစ်စာရေးမတွေက ကဒတ်ငယ်ဆိပ်ကျေးရွာက အဖွားဒေါ်မဆယ်ကို အိမ်ပေါ်က တက်စွဲချတဲ့မြင်ကွင်းနဲ့ပတ်သက်ပြီး အခုတစ်လော လှုမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေရှိနေတာပါ ။ အသက်၈၈ နှစ် ရှိပြီဖြစ်တဲ့ အဖွားဒေါ်မဆယ် ကိုပြုစုစောင့်ရှောက်နေတဲ့ မြေးမထံက ရစရာရှိတဲ့ငွေအတွက် အဖွားဒေါ်မဆယ်ရဲ့ အိမ်နဲ့ခြံကို တရားရုံးက တရားလိုများဘက် အနိုင်ပေးပြီး ဝရမ်းကပ်၊ လေလံတင်ရောင်းတာမျိုးတွေ လုပ်ပြီး ဒေါ်မဆယ် ကို အိမ်ပေါ်ကနေဆွဲချခဲ့တာလို့ ဖော်ပြထားချက်တွေအရသိရတာပါ ။

အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီးဇေရဲထက်က တော့ သူ့ရဲ့ အမြင် ကို လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြန်လည် ရေးသားတုန့်ပြန်ခဲ့ပါတယ်။ ဇေရဲထက်ဟာ မဟုတ်မခံစိတ်ရှိသူတစ်ယောက် ပီပီ သူ့ကို အလားတူ ကိစ္စရပ်တွေလုပ်လာခဲ့ရင် တော့အခုလိုတုန့်ပြန်ပါမယ်လို့ဆိုပါတယ် ။ "ဒါမျိုးလာလို့လို့ကတော့အသက်ချင်းတောင်လဲပြစ်မယ်ငွေများတရားနိုင်လာမလုပ်နဲ့လေး တရားဥပဒေစိုးမိုးရေဆိုတဲ့အတိုင်းလုပ်ပါးးမျှတမှု့ မရှိလို့ကတော့ သေတောင်သွားဦးမယ်" လို့ ရေးသားထားတာကိုတွေ့ရပါတယ်။

ခေတ်စနစ်အပြောင်းအလဲနဲ့အတူပြောင်းလဲလာတဲ့တရားစီရင် ရေးနဲ့ပတ်သက်ပြီး ထင်ဟပ်စေတဲ့ ရုပ်ရှင်တွေ ပညာပေးဇာတ်လမ်းတွေဟာလည်း အနုပညာသမားတွေရဲ့ ပြယုဂ်တွေထဲမှာပါဝင်နေပါတယ်။ ပရိသတ်ကြီးရေ ဇေရဲထက်တစ်ယောက် အခုလို တုန့်ပြန်ပြောဆိုလိုက်တဲ့အပေါ်မှတ်ချက်မှာ အမြင်နဲ့ သဘောထားလေးတွေပြောပြခဲ့ကြပါဦးနော်။

Source - Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။