အရွယ်နဲ့မလိုက်အောင် တီတီတာတာနဲ့ ချစ်စဖွယ်စကားပြောဟန်လေးတွေကြောင့် လတ်တလောလူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ပြည်သူ့အချစ်တော်လေးတွေကတော့ အခမ်းအနားပွဲလေးတစ်ခုကို အတူတတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

အားလုံးရဲ့အသည်းကျော်လေးတွေဖြစ်ကြတဲ့ ထိပ်ထားသခင်၊ မယ်ခရာနဲ့ မီးမီးခေတ်လေးတို့ကတော့ Lactogrow 3 မိတ်ဆက်ပွဲကို အတူတတ်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်..။

အခမ်းအနားပွဲလေးကိုအတူတတ်ရောက်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အသည်း အချစ်ပိုစေတာမို့ အားလုံးကလည်း သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်..။

ပွဲတတ်ရင်း ဓာတ်ဖမ်းခဲ့ကြတဲ့ သူမတို့လေးတွေကလည်း တစ်ယောက်တစ်မျိုးစီ မတူညီတဲ့ အိုင်တင်လေးတွေနဲ့ ပဲပေးခဲ့ကြတဲ့ အသည်းဖွယ်ပုံလေးတွေကလည်း တကယ်ကို မရိုးနိုင်အောင် ပရိသတ်တွေကို ဖမ်းစားလိုက်နိုင်တာပါပဲနော်..။

“ဒီနေ့ တက်ဖြစ်တဲ့ Lactogrow 3 မိတ်ဆက်ပွဲ

ထိပ်ထားရယ် မီးခရာရယ် မီးခောတ် လေးရယ် ဆုံကြပါသည်ပေါ့

ပွဲတက်အနေနဲ့ပဲ ရောက်သွားတာ စင်ပေါ်တက်ပေးပါတော့ပြောထားတာ မအခရာကို စိတ်သိပ်မချတာနဲ့ အဆင်ပြေရင်တော့တက်မယ်နော်လို့ ဒါမယ့် ဟိုရောက်တော့ သူ့နာမည်ခေါ်တာနဲ့ ခပ်တည်တည်ပဲတက်သွားတာ သူ့ဟာနဲ့သူတော့ဟုတ်သားပဲ ကိုယ်ကတော့ဖိတ်တဲ့ပွဲတိုင်း မတက်ဖြစ်တာ သူ့စိတ်မချလို့ ဖိတ်တဲ့သူတွေအားနာလို့ပါရှင့်..” ဆိုပြီးတော့လည်း ထိပ်ထားလေးရဲ့ မေမေက ပြန်လည်မျှဝေပြောပြထားပါသေးတယ်..။

ချစ်စရာကောင်းတဲ့ ဆယ်လီမီးမီးလေးတွေရဲ့ အခမ်းအနားပွဲတတ်ပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Ma Pwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။