မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီ ပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီ များအတွက် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း (၅၂)မြို့နယ်မှ ပဏာမ ကစားသမား (၂၀၀)ဦးရွေးချယ်သွားမည် ဖြစ်သည်။ ကစားသမား ရွေးချယ်ခြင်း အစီအစဉ်အား AYA Bank Scouting Tour 2017 အမည်ဖြင့် ခရီးစဉ်များ ပြုလုပ်၍ ကွင်းဆင်း ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

မတ်လ (၁၄)ရက် စတင်မည်

AYA Bank Scouting Tour 2017 ကစားသမား ရွေးချယ်ခြင်း အစီအစဉ်အား ၂၀၁၇ ခုနှစ် မတ်လ (၁၄)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဧပြီလ (၁၀)ရက်နေ့တွင် ခရီးစဉ်များ ပြီးဆုံးမည်ဖြစ်သည်။ ခရီးစဉ်များတွင် နိုင်ငံတဝန်းရှိ မြို့ပေါင်း (၅၂)မြို့သို့ ရွေးချယ်ရေး အဖွဲ့ (၄) ဖွဲ့ ခွဲကာစေလွှတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ (သွားရောက် ရွေးချယ်မည့် မြို့နယ်စာရင်းအား ပူးတွဲဖော်ပြထားပါသည်။)

ပဏာမ ဦးရေ (၂၀၀) ရွေးချယ်မည်

ကစားသမား ရွေးချယ်ရာတွင် အဖွဲ့ခွဲ(၄)ခုမှ ပဏာမ ကစားသမား စုစုပေါင်း (၂၀၀)ဦးကို ဦးစွာရွေးချယ်ထားပြီး နောက်ဆုံးအဆင့်တွင် အသက် ၁၁နှစ်အောက် (ယူ-၁၁) ရ၀ ဦးနှင့် အသက် ၁၂ အောက် (ယူ-၁၂) ၁၅ ဦး ၊ စုစုပေါင်း ၈၅ ဦးအား ရွေးချယ်သွားမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ကစားသမားများသည် အထက် မြန်မာပြည်ရှိ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ အောက်မြန်မာပြည်ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီတို့တွင် ဘောလုံး ပညာနှင့် အတန်းပညာများ တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။

လိုအပ်ချက်များ

ရွေးချယ်ခံမည့် ကစားသမားများ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ကို မှန်ကန်စွာ တင်ပြရမည်ဖြစ်ပါသည်။

မြို့ပေါင်း (၅၂)မြို့

ရွေးချယ်ရေး အဖွဲ့(၄)ဖွဲ့သည် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် မြို့ပေါင်း ၅၂ မြို့သို့ သတ်မှတ်ရက်များ အတိုင်း သွားရောက်ရွေးချယ် ကြမည်ဖြစ်သည်။ မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

အဖွဲ့(၁) သွားရောက်မည့် မြို့များ

မိုးညင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ကန့်တလူ၊ ကောလင်း၊ ရွှေဘို၊ မုံရွာ၊ ဟားခါး၊ မင်းတပ်၊ ပခုက္ကူ၊ ကလေး။

အဖွဲ့(၂) သွားရောက်မည့် မြို့များ

လားရှိုး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ တောင်ကြီး၊ ကလော၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ လွိုင်ကော်။

အဖွဲ့(၃) သွားရောက်မည့် မြို့များ

နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ပြည်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ။

အဖွဲ့(၄) သွားရောက်မည့် မြို့များ

ရန်ကုန်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ ။

အထက်ပါ မြို့များမှ ပဏာမ ကစားသမား (၂၀၀)ဦးကို ရွေးချယ်ပြီးနောက် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် နောက်ဆုံး အပြီးသတ် ရွေးချယ်မှုများပြုလုပ်သွားမည် ဖြစ်သည်။

ဆက်သွယ်နိုင်

အကယ်ဒမီကျောင်းများတွင် ဘောလုံးပညာနှင့် ကျောင်းပညာ သင်ယူလိုသည့် အသက် (၁၁)နှစ်နှင့် (၁၂)နှစ်အောက် မျိုးဆက်သစ် လူငယ် ကစားသမားများ ၊ မိဘများ အနေဖြင့် အထက်ဖော်ပြပါ မြို့နယ်များရှိ အားကစားနှင့် ကာယပညာ ရုံးများတွင် လည်းကောင်း၊ အောက်ဖော်ပြပါ လိပ်စာများသို့ လည်းကောင်း စုံစမ်း ဆက်သွယ်မေးမြန်း နိုင်မည်ဖြစ်သည်။

Hot Line - 09452030400 (ရုံးချိန်အတွင်းသာ)

E-Mail : [email protected]

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။